အခန်း(၂၈၂)

1.2K 156 2
                                    

အခန်း(၂၈၂)

ဥာဏ်ကောင်းသော အသေးလေး။






ဒုတိယတံခါးကလည်း အရမ်း အန္တရယ်များတယ်။

Han Yunxi ၏ သတိပေးမှုအား ကြားလျှင် အဒေါ်ရူမှာ မထိန်းချုပ်နိုင်ပဲ မေးမြန်းလာပြန်သည်။ “ဘယ်လို အန္တရယ်တွေလဲ။ မင်းက ဘယ်လိုလုပ် ခြစ်ရာတောင် မရပဲ ပြန်ထွက်လာနိုင်တာလဲ။"

အဒေါ်ရူမှာ သံသယဝင်နေကြောင်း Han Yunxi မှာ ပြောနိုင်သည်။ Long Feiye မှလည်း သူမအား မေးခွန်းထုတ်မည်ဟု ယူဆလိုက်သော်လည်း သူက မီးထဲသို့ ဓါတ်ဆီလောင်းလာခြင်း မရှိပဲ တိတ်ဆိတ်နေသည်။ ပုံမှန်ဆို ဒီကောင်က ဒီလို မဟုတ်ပါဘူး။ မေးခွန်းတွေ အပြည့်ဖြစ်နေတာကို!!!!

သို့သော် သူမတွင် အတွေးလွန်နေရန် အချိန်မရှိသကဲ့သို့  အဒေါ်ရူအား မည်သည့်အရာကိုမှ ရှင်းပြရန် စိတ်ကူးမရှိပေ။ ထို့အစား သူမက စနောက်ဟန်ဖြင့်သာ ပြောလိုက်သည်။ “ကျွန်မက ဘာလို့ ရှင့်ကို ပြောရမှာလဲ။"

“မင်း တကယ်ပဲ ကိုယ်ခံပညာ မတတ်ဘူးလား။" အဒေါ်ရူမှာ ထပ်မံ မေးမြန်းလိုက်သည်။

Han Yunxi မှာ အရူးတစ်ယောက်မဟုတ်ပဲ အဒေါ်ရူမှာ သူမအား ကြင်နာစွာ ရှုမြင်သူမဟုတ်ကြောင်း သိထားသည်။ သူတို့က ဘုံရန်သူအား ရင်ဆိုင်ရချိန်တွင် ပူးပေါင်းခဲ့ခြင်းသာ ဖြစ်ကာ နှစ်ယောက်ကြားရှိ မပြေလည်မှုများအား မြှုပ်နှံလိုက်ခြင်း မဟုတ်ပေ။ လွန်ခဲ့သည့် နာရီအနည်းငယ်ကပင် သူမက အဒေါ်ရူ၏ လက်နက်များပေါ်တွင် အသက်ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရသည်။ သူမက ရန်ငြိုးထားတက်သူ မဟုတ်သော်လည်း အသက်အား တန်ဖိုးထားသူ ဖြစ်သည်။

“ကျွန်မက ကိုယ်ခံပညာတတ်တာ မတတ်တာ ရှင်နဲ့ ဘာမှ မဆိုင်ဘူး မဟုတ်လား။" Han Yunxi မှာ သူမ၏ အမြင်အား ပွင့်လင်းစွာပင် ဖော်ထုတ်လိုက်သည်။

သို့သော် အဒေါ်ရူမှာ Han Yunxi ၏ လက်ကောက်ဝတ်အား ရုတ်တရက် ဆွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် Long Feiye မှာ အဒေါ်ရူ၏ လက်အား ဖိကာ အေးစက်စွာ ပြောလိုက်သည်။ “သူမက မသိတာမို့လို့ အဲ့ဒီအစား လမ်းမှန်ကိုပဲ ရှာရအောင်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now