အခန်း(၃၃၁)

1K 126 24
                                    

အခန်း(၃၃၁)

သူက ရယ်ခဲ့တယ်။






Long Feiye တွင် ဖြေရှင်းစရာများစွာ ရှိနေသောကြောင့် Han Yunxi မှာ တုံ့ဆိုင်းမနေတော့ပေ။ သူမက Baili Mingxiang အား စကားအနည်းငယ် မှာကြားပြီးနောက် ထွက်လာခဲ့သည်။ သို့တိုင် သူမက မသိသည်မှာ သူမက ဧည့်ခန်းမဆောင်သို့ ရောက်သည်နှင့် ထိုအမျိုးသမီးမှာ သူမ၏ နောက်မှ လိုက်လာသည်ဆိုခြင်းပင်။ Baili Mingxiang မှာ အဆောက်အအုံ၏ အပြင်ရှိ နံရံနောက်တွင် ပုန်းကာ စောင့်နေသည်။ မကြာခင် အရှင့်သားနှင့် Han Yunxi မှာ ခြံဝန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြောင်း တွေ့လိုက်ရသည်။ သူတို့က ဂိတ်တံခါးသို့ ရောက်သည်နှင့် အရှင့်သားမှာ Han Yunxi ၏ လက်အား ဆုတ်ကိုင်လိုက်သည်။

အရှင့်သားမှာ Han Yunxi အား လူတိုင်းနှင့် ကွဲပြားစွာ ဆက်ဆံမှန်း သူမက သိထားသော်လည်း ဤမျှလောက်အထိဟုတော့ မထင်မှတ်ထားပေ။ သူက နှစ်ပေါင်းများစွာပြုလုပ်လာသကဲ့သို့ သူမ၏ လက်အား အလွန် သဘာဝကျစွာ ဆုတ်ကိုင်ထားသည်။

"အရှင့်သား ကျွန်မရှင့်ကို ပထမဆုံးတွေ့တဲ့အချိန်က ဒီကမ္ဘာပေါ်မှာ ရှင်က ဘယ်သူ့ကိုမှ ချစ်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ ထင်ခဲ့တာ.." Baili Mingxiang မှာ နှလုံးသားတွင် ခါးသီးသော နာကျင်မှုများပြည့်နေကာ ရေရွတ်လိုက်သည်။ သို့တိုင် သူမက နူးညံ့စွာ ပြုံးနေဆဲပင်။ သူမက ပြီးခဲ့သည့် ဆယ်နှစ်လုံး စဥ်းစားနေခဲ့သော အမျိုးသားမှာ မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်အထိ ပြုံးနေဆဲပင်...

"Xiang'er ကိုယ့်ကိုကိုယ် ဘာလို့ နာကျင်ရအောင် လုပ်နေတာလဲ။" Baili Mingxiang ၏ နောက်မှ မပျော်မရွှင်ဖြစ်နေသော စကားသံ ထွက်ပေါ်လာသည်။

ထိတ်လန့်သွားသည့် Baili Mingxiang မှာ လှည့်ကြည့်လိုက်လျှင် အခြားသူမဟုတ်ပဲ အဖေဖြစ်သူ Baili Yuanlong အား တွေ့လိုက်ရသည်။ "အဖေ.. ကျွန်မက အခုလေးတင် ရောက်လာတာ။ အရှင့်သားတို့က ထွက်သွားပြီလား။" သူမက မသိဟန် ပြုလိုက်သည်။

"မင်းက အဖေရှေ့မှာတောင် ဟန်ဆောင်နေတုန်းလား။" Baili Yuanlong မှာ သူမအား ဆူပူလိုက်သည်။

"အဖေ.. အဖေ ဘာပြောချင်တာလဲဆိုတာ Mianxiang နားမလည်ပါဘူး။" Baili Mingxiang မှာ မသိနားမလည်ဟန် အမူအရာအား ဖော်ဆောင်ထားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now