အခန်း(၂၉၁)

1.2K 143 16
                                    

အခန်း(၂၉၁)

ဆွံ့အအဘွားအို၏ မျက်ရည်များ။





ညယံ၏ မှုန်ဝါးသော အလင်းရောင်၏ လွှမ်းခြုံမှုအောက်တွင် ဆေးဝါးမြို့တော်မှာ တိတ်ဆိတ်နေသည်။ Gu Qishao မှာ Han Yunxi အား ခေါ်ဆောင်ကာ မူအိမ်တော်သို့ ဦးတည်သွားသည်။ Han Yunxi မှာ သူမက ပထမဆုံးအကြိမ် ဆေးဝါးမြို့တော်သို့ ရောက်ရှိခဲ့ချိန်ကပင် မူမျိုးနွယ်အပေါ်တွင် နက်ရှိုင်းသော အထင်အမြင်များ ရှိနေသည်။ သို့တိုင် သူမက သူတို့၏ အိမ်တော်အား မမြင်ဖူးခဲ့ပေ။ သူမက မတတ်သာပဲ ပဟေဌိအား အဖြေထုတ်ရန် ကြိုးစားမိသည်။ မူမျိုးနွယ်က ဘာလို့ Jun Yixie နဲ့ ပူးပေါင်းပြီး ဆေးဝါးတောအုပ် အဆိပ်ကန်မှာ အဆိပ်ပင်မျိုးစုံကို ပျိုးထောင်နေတာလဲ။

မူမျိုးနွယ်၏ ဆေးဝါးမြို့တော်ရှိ လက်ရှိအင်အားမှာ ငယ်ရွယ်သော မျိုးဆက်နှင့်​ ပေါင်းလိုက်လျှင် သူတို့၏ အကျိုးအမြတ်ထိခိုက်စေနိုင်သည့် Jun Yixie ၏ ဆိုးဝါးသောအလုပ်များအား ကျားအရေခွံအတွက် တောင်းဆိုရန်မလိုအပ်ပေ။ ထို့အပြင် ဆေးမြို့တော်နှင့် ဆေးဝါးမြို့တော်မှာ မိသားစုတစ်စုတည်းကဲ့သို့ပင်။ ဆေးမြို့တော်၏ ဆေးဝါးမြို့တော်မှ မျိုးနွယ်သုံးစုအပေါ်ထောက်ပံ့မှုမှာ သူတို့၏ ရပ်တည်ချက်တွင် များစွာလွှမ်းမိုးရှိသည်။ အကယ်၍ မူမျိုးနွယ်မှ အဆိပ်တစ်ရာဂိုဏ်းနှင့် ပတ်သက်နေကြောင်း ဆေးမြို့တော်မှ သိရှိသွားခဲ့လျှင်  မျိုးနွယ်အတွက် ဒုက္ခများသာ ဖြစ်စေနိုင်သည်။

“ဟေး… မူမျိုးနွယ်နဲ့ Jun Yixie ပူးပေါင်းထားတာ ရှင်သိလား။" Han Yunxi မှာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

သို့တိုင် Gu Qishao မှာ ရိုးရှင်းစွာသာ အသံပြုလာသည်။

ဆိုတော့ သူသိတာပေါ့…

“ရှင်က မူမျိုးနွယ်နဲ့ အတော်လေး ရင်းနှီးတယ်မလား။" Han Yunxi မှာ ထပ်မံမေးမြန်းလိုက်သည်။ သူက သူမနှင့် Long Feiye အား မူမိသားစုတွင် ဆေးဖက်ဝင်လက်ဖက်ပင်ရှိသည်ဟု လှည့်စားကာ ရှာဖွေစေခဲ့ခြင်းအား မှတ်မိနေသည်။ အမှန်တွင် ၎င်းမှာ Xieမျိုးနွယ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now