အခန်း(၂၆၁)

1.2K 158 31
                                    

အခန်း(၂၆၁)

အစားကြီးသူလေး ပေါ်လာခြင်း။







အခြားသော ရှဥ့်များနှင့် ယှဉ်လျှင် Jun Yixie ၏ ပုခုံးပေါ်မှ ရှဥ့်လေးမှာ သေးငယ်လွန်းလှသည်။ လက်သီးဆုတ်အရွယ်အစားလောက်သာ ရှိပြီး ဘောလုံးလေးကဲ့သို့ ဝိုင်းကာ လုံးတစ်နေသည်။ အထူးခြားဆုံးအချက်မှာ ဖုန်မှုန့်အနည်းပင် ပေကျံနေခြင်း မရှိသော သူ၏ ခန္ဓာကိုယ်ရှိ ဖြူဖွေးနူးညံ့သည့် အမွှေးအမျှင်များပင်ဖြစ်သည်။ ရှဥ့်များမှာ ကြောက်ရွံ့တတ်သော သတ္တဝါများ ဖြစ်ကြသော်လည်း ဤတစ်ကောင်မှာ အလွန်အမင်း ရဲတင်းလေသည်။ Jun Yixie မှ သူ့အား ကြည့်လာကြောင်း ခံစားမိလိုက်လျှင် တစ်ချက်သာ စောင်းကြည့်ပြီးနောက် ပုန်းအောင်းလိုက်ခြင်း မရှိပဲ လျစ်လျူရှုထားသည်။ ထို့နောက် ဆက်လက်၍ မြိန်ရည်ယှက်ရည် စားသောက်နေသည်။ ၎င်းမှာ ထူးခြားသည့် တိရိစ္ဆာန်လေးဖြစ်သည့်တိုင်အောင် Jun Yixie မှာ အထင်သေးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သေချာစွာပင် သူ၏ အဓိကအာရုံများမှာ Han Yunxi ထံတွင် ရှိနေဆဲ ဖြစ်သည်။ ဤနေရာမှာ အဆိပ်ဂိုဏ်း၏ ကြာပွင့်တောင်တန်းဖြစ်ပြီး သူတို့က ထူးခြားသော တိရိစ္ဆာန်အချို့အား တွေ့ရှိရနိုင်သည်။ သူက ရှဥ့်လေးအား ဖမ်းယူကာ ဘေးသို့ လွင့်ပစ်ရန် ပြင်လိုက်စဥ်တွင် သူ၏ အပြုအမူမှာ ထိုသတ္တဝါလေးအား ဒေါသထွက်စေကာ အမှန်တကယ်ပင် သူ၏ လက်အား လက်သည်းများဖြင့် ကုတ်ခြစ်လိုက်တော့သည်။ Jun Yixie မှာ မထင်မှတ်ထားသောကြောင့် ရှဥ့်လေးအား မရှောင်တိမ်းမိပေ။ သူ၏ လက်ခုံပေါ်တွင် သွေးစီးကြောင်းများက ပေါ်လာတော့သည်။ ရှဥ့်လေးမှာ ထိုင်နေကာ ရင်ဘတ်တွင် လက်သည်းနှစ်ခုအား ကုတ်ထားသည်။ သူ၏ ကိုယ်ပေါ်ရှိ အမွှေးများမှာ ဖြူကောင်ကဲ့သို့ ထောင်နေပြီး အစွယ်များထုတ်ကာ Jun Yixie အား စူးစူးရဲရဲ ကြည့်နေသည်။

သူက အဆိပ်များအား စားသုံးရခြင်းအား နှစ်သက်သူဖြစ်သည်။ သူက အမုန်းဆုံးမှာ သူ၏ အရသာရှိသော စားပွဲအား နှောင့်ယှက်ခြင်း ဖြစ်သည်။ သူက စိတ်ဆိုးနေသော်လည်း အစောမှ မြည်းစမ်းခဲ့ရသည့် လှပသောအရသာ၏ ဆွဲဆောင်မှုအား မခုခံနိုင်ပေ။ ဒီလူ၏ ပုခုံးပေါ်ရှိ အဆိပ်မှာ အရသာရှိလွန်းသောကြောင့် သူက တစ်ခုလုံးအား အသိုက်ထဲသို့ ယူသွားကာ သက်တောင့်သက်သာ စားသောက်ချင်မိသည်။၊ Jun Yixie မှ လှုပ်ရှားမှုမရှိသည်အား မြင်လျှင် သူ၏ အားကောင်းသော အရှိန်အဝါကြောင့် ကြောက်ရွံ့သွားသည်ဟု ယူဆလိုက်သည်။ သို့ဖြင့် သူ၏ အားထုတ်မှုများအား ပုခုံးရှိ ဒဏ်ရာပေါ်သို့ အာရုံပြန်စိုက်လိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now