အခန်း(၂၃၅)

1.4K 137 8
                                    

အခန်း(၂၃၅)

ကမောက်ကမ။ အိမ်ရှေ့စံ အစစ်နဲ့အတု။







အကြီးအမှူးများ ရောက်လာချိန်တွင် Qinwang Rong မှာ ပထမဆုံး နှုတ်ဆက်လိုက်သည်။ အကယ်၍ ဤဆေးပညာသင်တန်းကျောင်းမှ ဘိုးဘေးများ၏ အဆင့်အတန်းအား ပဒေသရာဇ်စနစ်တွင် ထည့်သွင်းမည်ဆိုလျှင် အရာအားလုံးအား ပိုင်စိုးသော ဧကရာဇ်နှင့် မင်းသားများထက်တစ်ဆင့်သာ နိမ့်ပြီး အထက်တန်းအဆင့် အရာရှိများ ဖြစ်ကြမည်ဖြစ်သည်။ Han Yunxi မှာ ရင်ထဲတွင် အေးစက်စွာ ပြုံးလိုက်သည်။ Long Feiye မှ မှန်ကန်သည်။ ဧကရာဇ် Taihui မှာ ဆေးမြို့တော်အား အမှန်တကယ် ခြိမ်းခြောက်ရန် သတ္တိမရှိပေ။ Long Tianmo မှ ပျောက်ဆုံးနေချိန်တွင် ဧကရာဇ် Taihui မှာ ဆေးမြို့တော်မှ ဖြေရှင်းချက်အား တောင်းဆိုခဲ့သည်။ သို့တိုင် သူက နားလည်ရခက်စွာ ပြန်ရောက်လာချိန်တွင် ထိုမာနကြီးသော Qinwang Rong မှာ စကားတစ်ခွန်းမှ မဆိုတော့ပဲ လိုက်လျောညီထွေစွာ နိမ့်ချလိုက်သည်။ အကယ်၍ သူမက စေ့စပ်စွာ စဥ်းစားကြည့်လျှင် Qinwang Rong မှာ သူရဲဘောကြောင်သူတော့ မဟုတ်ပေ။ ဆေးမြို့တော်၏ အာဏာမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းနေခြင်းသာ ဖြစ်သည်။

တိမ်တိုက်နယ်ပယ်ဆေးပညာသင်တန်းကျောင်းနှင့် ဆေးဝါးမြို့တော် မျိုးနွယ်ကြီးသုံးခုမှာ တိမ်တိုက်ကုန်းမြေကြီး၏ ဆေးဝါးရောင်းဝယ်မှုများအား ထိန်းချုပ်ထားခြင်းဖြစ်သည်။ သူတို့က မည်သည့်သမားတော်၏ အသက်မဆို အပြည့်အဝ ထိန်းချုပ်နိုင်သည်။ တစ်နည်းဆိုရလျှင် ထိုအင်အားစုနှစ်စုမှာ ကောင်းကင်အောက်ရှိ အသက်များအားလုံးအား ထိန်းချုပ်ထားနိုင်သည့် စွမ်းရည်ရှိသည်။ အဆင့်အတန်းမြင့်လှကာ ထောင်လွှားနိုင်သည့် ဧကရာဇ် သို့မဟုတ် နိမ့်ကျသော ကျွန်များအထိ သာမာန် ဖျားနာမှုတစ်ခုကပင် အသက်တစ်ချောင်းအား ယူဆောင်သွားနိုင်သည်။ ကပ်ရောဂါတစ်ခုမှပင် စစ်သည်တပ်ရင်းတစ်ရင်း၊ မြို့တစ်မြို့ သို့မဟုတ် တိုင်းပြည်တစ်ပြည်အား ဖျက်ဆီးပစ်နိုင်သည်။ တိမ်တိုက်ကုန်းမြေကြီးရှိ အင်ပါယာသုံးခုမှ ဆေးမြို့တော်နှင့် ဆေးဝါးမြို့တော်၏ အင်အားများအား စုစည်းနိုင်လျှင် အခြားတိုင်းပြည်နှစ်ပြည်ထက်သာလွန်ကာ တိမ်တိုက်ကုန်းမြေကြီး၏ အစစ်အမှန် အုတ်မြစ်ဖြစ်လာမည်ဖြစ်သည်။ အခြားရှုထောင့်တစ်ဖက်မှကြည့်လျှင်လည်း ဆေးမြို့တော်နှင့် ဆေးဝါးမြို့တော်အား အပြစ်ပြုမိလျှင် စိတ်ကူး၍ပင် မရနိုင်သော အကျိုးဆက်များ ရောက်လာနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now