အခန်း(၃၅၇)

1K 135 47
                                    

အခန်း(၃၅၇)

ချင်ဝမ်ကအဆိုးဆုံးပဲ (၃)







Long Feiye မှာ Han Yunxi အား လက်ဆွဲကာ ခေါ်သွားသောကြောင့် သူမက အိမ်ရှေ့စံနှင့် မယ်တော်ကြီး၏ အမူအရာအား မဆိုထားနှင့် Mu Liuyue ၏ အမူအရာပင် မမြင်ရတော့ချေ။ သို့သော် ၎င်းမှာလည်း အဆင်ပြေသည်။ Zhaoမားမားမှာ သူမအား အသေးစိတ် ရှည်လျားစွာ ပြောပြလိမ့်မည်။ ထိုချမ်းသာကာ မောက်မာသော ကမ္ဘာပေါ်တွင် ထိပ်ဆုံးဟု ကိုယ့်ကိုကိုယ် သတ်မှတ်ထားသော Li Leyuan အပေါ်တွင် လှုပ်ရှားသည်က ပို၍ ကောင်းမွန်လှသည်။ သူ၏ မိသားစုမှာ ထျန်းနင်တွင် အချမ်းသာဆုံး မိသားစုဟု အမြဲတစေ တွေးတောနေပြီး ယခုတွင် ထိုသို့ မဟုတ်ကြောင်း သတိပြုမိသွားတော့မည်..

အဆိုးဆုံးမှာ သူ၏ ယခင်အပြုအမူများမှ ပြင်းထန်သော သက်ရောက်မှုများအား နားမလည်သေးပေ။ သူက ချင်ဝမ်၏ ပြန်ဆုတ်သွားသော ပုံရိပ်အား ကြည့်ကာ ခံစားချက်များဖြင့် သက်ပြင်းချနေသည်။ သူက ချင်ဝမ်ကဲ့သို့ လွတ်လပ်စွာ သုံးစွဲနိုင်ရန် မည်မျှ ဆုတောင်းမိမှန်း မသိတော့ပေ။ ကံမကောင်းစွာဖြင့် ပိုးထည်ဘောင်းဘီဖြင့် ကြွယ်ဝသော သခင်လေးသည်ပင် ငွေချောင်း ၅,၀၀၀,၀၀၀ မှာ အလွန်ကြီးကျယ်လွန်းသည်ဟု ခံစားနေရသည်။ ပဒေသရာဇ်ပြည့်ရှင်မင်းပင် ထိုမျှ သုံးစွဲနိုင်မည် မဟုတ်နိုင်ပေ။

မြင့်မြတ် သိက္ခာကြီးမားလှသော လေးစားရတဲ့ မယ်တော်ကြီးမှာမူ ထိတ်လန့်မှုကြောင့် ပါးစပ်မှာ ပွင့်နေသည်။ သူမက အနည်းငယ်ပို၍ ကြွားလုံးထုတ်ချင်သော်လည်း ယခုတွင် အခွင့်အရေး မရှိတော့ချေ။ အိမ်ရှေ့စံ၏ အမူအရာမှာ ပို၍ ဖြူဆုတ်သွားတော့သည်။ သူ၏ ဦးလေးနှင့် ခမည်းတော်မှာ နန်းတော်ပြန်ရောက်သည်နှင့် သူ့အား မည်ကဲ့သို့ စိတ်ဆိုးဒေါသထွက်တော့မည်အား စိတ်ကူး၍ပင် မကြည့်နိုင်ပေ။ ယနေ့တွင် သူက တော်ဝင်မျိုးနွယ်အား ကိုယ်စားပြု၍ ရောက်လာသော်လည်း တော်ဝင်ဦးလေး၏ ငွေကြေးများ ဆုံးရှုံးရရုံမက ခမည်းတော်အားပါ မျက်နှာပျက်စေခဲ့သည်။

ရန်သူ့ထံ ဇနီးပေးကာ စစ်သားများပါ ဆုံးရှုံးသွားရသည်ဟု ဆိုနိုင်သည်။ --- သူ၏ ပါးနပ်မှုအောက်တွင် တန်ဖိုးကြီးစွာ ပေးဆပ်လိုက်ရခြင်းပင်။ ဤသည်မှာ ထောင်ချောက်ဖြစ်ကြောင်း သူက အမြဲတစေ သိနေသော်လည်း ဤထောင်ချောက်အား အသုံးပြုကာ တော်ဝင်ဦးလေးအိမ်တော်မှ ရန်ပုံငွေများအား ထုတ်ယူလိုခဲ့သည်။ သို့တိုင် ထောင်ချောက်၏ အတွင်းထဲ၌ နောက်ထပ် ထောင်ချောက်တစ်ခု ဖုံးကွယ်နေဦးမည်ဟု သူက မထင်မှတ်ထားခဲ့ပေ။ သူက ဒေါသထွက်နေရသော်လည်း ချင်ဝမ်အား အလွန်အမင်း လေးစားအားကျ မိပြန်သည်။ ဖြစ်နိုင်လျှင် သူက ထိုသူနှင့် ရန်သူ မဖြစ်လိုပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 2 Where stories live. Discover now