"မင်းကတို့ကို သဘောကျနေတာဆို "
ထိုစကားက လီ့ကမ္ဘာကို ရပ်တန့်သွားအောင်လုပ်လိုက်
သလိုပါဘဲ ။ လီရပ်နေတုန်း ဘာဆက်ပြောရမှန်းမသိ
ဖြစ်နေလို့ အနဲငယ်အချိန်ယူကာငြိမ်နေမိတယ် ။"ဟင်. . လီ သ သဘော မကျပါဖူး "
ထိုအချိန်သူမနှုတ်ခမ်းဖူးဖူးလေးဟာ လခြမ်းလေးသဖွယ်
ကွေးကာ ပြုံးလာသည် ။ ဒါ လီ့ကြောင့်သူမ ပထမဆုံး
အကြိမ်ပြုံးခြင်းဘဲ ။"အေးပေါ့လေ တို့လိုအပျိုကြီးကိုလဲ သဘောကျစရာ
ဘယ်ရှိပါ့မလဲ "ပြုံးကာ ရိသဲ့သဲ့ပြောလာတဲ့ တီချယ့်ကို အသည်းယား၏။
ဖြစ်နိုင်ခဲ့မယ်ဆိုရင် တီချယ့်ခန္ဓာကိုယ်သေးသေးလေးကို
ပွေ့ဖက်ထားချင်သေး၏။"အဲ့. .အဲ့လိုမဟုတ်ပါဖူးနော်"
နောက်ထပ်တစ်ကြိမ် တီချယ်ဟာ လီ့မျက်နှာကိုစိုက်
ကြည့်လာပြန်သည် ။ ထို့နောက် ပြုံးပြုံးကြီးဖြင့်သာ
နောက်ထပ်မေးခွန်းတစ်ခု ။"ဒါဆို တို့ကသဘောကျစရာပေါ့ "
တီချယ်ကအလာကြီးပါဘဲ ။ ဟုတ်ပါရဲ့ အပျိုကြီးတွေ
ရိသဲ့သဲ့လုပ်ရင်တအားကိုချစ်ဖို့ကောင်းတာပါ ။ တီချယ့်
ရဲ့မေးခွန်းတွေကိုဖြေဖို့အတွက် ရှက်လာတာမို့ လက်ကို
နောက်ပစ်လိုက်သည် ။"အာ တီချယ်ကလဲ "
ရှက်ရှက်ဖြင့်ဖြေလိုက်သောကြောင့် တီချယ်ဟာထပ်မံ
အပြုံးပန်းဝေလာသည် ။ ပြီးကာမှ"ကဲပါ မာနိုဘန်. .ကို့အခန်းကိုပြန်နိုင်ပါပြီ ။
ရှုပ်ရှုပ်ယှက်ယှက်တွေထပ်မကြားချင်ဖူးနော် "ခေါင်းငြိမ့်ပြကာ တီချယ့်အခန်းထဲမှထွက်လာခဲ့သည်။
အခန်းပြင်ရောက်မှဘဲစိတ်ကိုလုံးလုံးချနိုင်တော့သည်။
တီချယ်ဟာ လီ့အမျိုးသမီး ။ လီအများကြီးသဘောကျ
ရသည့် လီ့အပိုင်အမျိုးသမီး။-
ဒီနေ့ဟာရက်ရာဇာဖြစ်ပါလိမ့်မည် ။ မနက်ပိုင်းဆို
တီချယ့်နှင့်အမြဲလိုလိုတွေ့နေကြပင် ။ အရင်ကများတော့
တီချယ်ကသူ့အတွေးနဲ့သူ လမ်းလျှောက်ကာ အတန်း
ဆီသွားတတ်သည် ။ ဒီနေ့တော့သူမဟာ လီ့ကိုပြုံးပြပြီးမှ
ထွက်သွားတာမို့ သေချာပါသည် ၊ ဒီနေ့ဟာရက်ရာဇာ ။

YOU ARE READING
ချယ်
Fanfictionမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။