ဆောင်းရာသီရဲ့အစမို့ထင်ပါရဲ့ သစ်ရွက်ခြောက်လေး
တွေတစ်ရွေ့ရွေ့ကိုကျနေပါတော့တယ် ။ လေအဝှေ့
တစ်ချက်ဆိုတစ်ချက် သစ်ရွက်တွေကြွေကျနေတာ
မို့အဆောင်တစ်ခုလုံးလဲသစ်ရွက်ခြောက်တွေချည်းပင်။
အဆောင်သုံးဆောင်ရှိသည့်အနက် အလယ်ဆောင်
မှလွဲ၍ဘေးနှစ်ဆောင်ဟာ သစ်ပင်တွေကြားတွင်
ရောက်နေသည်မို့အမှိုက်တော့တော်တော်ရှုပ်လှသည်။
တီချယ်နှင့်တွေ့နေကြထိုင်ခုံလေးတွင်ထိုင်ကာ တီချယ့်
ကိုလဲလွမ်းရင်း သဘာဝအလှကိုလဲခံစားရင်းပေါ့။"ဟိတ်! "
အနောက်မှလက်ဖြင့်ပခုံးများသို့လာပုတ်သည်မို့
လီလီလန့်သွားတာတော့အမှန်ပါ။ ဒီအသံနုနုလေးကို
မှတ်မိနေတာမို့ တီချယ်မှန်းသိလိုက်သည်။"အချစ် "
နှုတ်ခမ်းလေးစူကာ ရင်ခွင်ထဲကိုတိုးဝင်ပါတော့သည်။
ဘာကိုအလိုမကျလာလဲမသိ ရင်ခွင်ထဲမှာနေရင်းတောင်
ပခုံးကိုကိုက်လိုက်ပါသေးသည်။"မောင် ဘာလုပ်နေတာတုန်း ဒီမှာ "
"မောင့်အမျိုးသမီးလေးကိုလွမ်းနေတာလေ"
"မောင့်အမျိုးသမီးကရင်ခွင်ထဲမှာလေ ။
ဘယ်ကအမျိုးသမီးကိုလွမ်းနေတာလဲ
ပြောပါ့အုံး "အသံများထွက်အောင်ရယ်လိုက်တော့ ပခုံးကိုထပ်၍
ကိုက်ပါတော့သည် ။ ကိုက်ပြီးတော့လဲ နာသွားလား
ဟုဆိုကာစိတ်ပူနေသေးသည် ။"ဟောဒီ့ကမောင့်အမျိုးသမီးလေးကိုပေါ့လို့ "
ဆံပင်များကိုလက်ဖြင့်ဖွလိုက်ပြီးနောက် အမျိုးသမီး
ငယ်လေး၏နှဖူးသို့အနမ်းတစ်ပွင့်ခြွေလိုက်သည်။
တီချယ်ဟာအခုရက်ပိုင်းပို၍တောင်ပိန်သွားသလိုပင်။
အတန်းချိန်တွေကလဲပြည့်နေသည်မို့ ပင်ပန်းနေပုံပေါ်
သည်။ တစ်ခါတစ်လေကျဘာမှမပြောဘဲနဲ့ တီချယ့်
မျက်နှာလေးကိုငေးကြည့်နေရတာဟာ ရင်ထဲကိုအေး
ချမ်းစေသည် ။"မောင်..တို့နောက်နှစ်ရက်လောက်နေရင်
အိမ်ပြန်စရာရှိတယ် ။ ညပြန်မအိပ်တော့ဖူးနော် ""ဟုတ်ပါပြီ အချစ်ရဲ့ စောစောတော့ပြန်လာခဲ့နော်
မောင်ကလွမ်းနေမှာ "
YOU ARE READING
ချယ်
Fanfictionမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။