အပိုင်း (၁)

6.6K 185 14
                                    

" ယွန်းဆယ်တက္ကသိုလ် " ဆိုသည့်ဆိုင်းဘုတ်ကြီး
ကိုမြင်လိုက်ရသည်နှင့်ပင် ကျွန်မရင်ထဲပျော်ရွှင်နေ
ပါတော့သည် ။ဒါဟာ ကြိုးစားမှုရဲ့ရလဒ်ဆိုတာ
မည်သူမျှ မသိလိုက်ခင် စိတ်ထဲတွင်မှတ်ချက်ပေး
လိုက်မိသည် ။ပထမနှစ်တက်ရမည့်သူမို့ အရာအားလုံးဟာ အတော့်ကိုအထူးအဆန်းဖြစ်နေပေသည် ။ ဒါတွေဟာလဲပထမဆုံးရက်မို့လို့သည်သာ နောက်ကျ
ရင်များတော့ မမြင်ချင်မှကိုအဆုံးမဟုတ်လား ။ နယ်
ဘက်ကဖြစ်သည်မို့ အဆောင်နေရမည်ဖြစ်သည် ။
ပစ္စည်းတွေအား ကားပေါ်မှချနေတုန်းတစ်နေရာရာမှစူးစိုက်စွာကြည့်နေသည့်အကြည့်များကို
ခံစားလိုက်ရသည် ။

ထိုအကြည့်တွေနောက်ကို ခြေရာခံလိုက်တော့
အသက်အလယ်အလတ်ပိုင်းမိန်းမတစ်ယောက်ဟာ
လီ့၏ဘယ်ဘက်တစ်နေရာတွင်ရပ်နေလျက်။
သူမဟာချောမောသည့်မိန်းမတွေထဲမှာပါ၏ ။
ဆံပင်ရှည်တွေကိုချထားလျက် အကြည့်တွေဟာ
အသက်ဝင်လှသည်။လေးထောင့်မဆန် ၊ အဝိုင်း
မဆန်တဲ့မျက်မှန်၏ အောက်ဘက်မှမျက်ဝန်းတွေဟာ အတော့်ကိုလှပသည် ။ အို. .ထိုအမျိုးသမီးရဲ့နှုတ်ခမ်းဖူးဖူးလေးတွေဆီ အကြည့်ရောက်မိပြန်တော့ သူမက သူ့အကြည့်တွေအား တခြားတစ်နေရာသို့အရောက်
ပို့လိုက်သည် ။ ထိုအမျိုးသမီးရဲ့အကြည့်တွေကိုတော့ကျွန်မ အဓိပ္ပါယ်ဖော်ဖို့ရက်ရှည်ကြာအုံးမည်ထင်
ပါရဲ့လေ ။

~~~~

"ဒီနေ့မှရောက်တာလား "

ပစ္စည်းတွေကိုစစ်နေတုန်း ဘေးနားသို့ကောင်မလေး
တစ်ယောက်ထပ်ရောက်လာသည် ။

"ဟုတ်ပါတယ် "

ပုံစံကြည့်ရသည်တော့ သူဟာလဲပထမနှစ်ဘဲဖြစ်လိမ့်
မည်ထင်သည် ။ အရပ်ရှည်ရှည် ၊ အသားဖြူဖြူနှင့်
နိုင်ငံခြားသူပုံစံမျိုးဖြစ်နေသည့်သူဟာ ရုပ်ရည်လဲချော
မောပြေပြစ်ပါသည် ။

"တို့နာမည်က ပတ်ချယ်ယောင်း ပါ ၊ တို့ကအခန်း (၂) မှာနေတာလေ ၊ အကူအညီလိုအပ်ရင်လာခဲ့နော် "

"ဟုတ်ကဲ့ "

အနေအေးတတ်လို့ဘဲလားတော့မသိ ၊ သူငယ်ချင်းလဲ
သိပ်ပြီးထားတတ်တဲ့သူမျိုးမဟုတ်တော့ ဘာဆက်ပြော
ရမှန်းမသိတဲ့ကျွန်မကို သူဟာနားလည်မှုအပြည့်နဲ့ပင်။

ချယ်Where stories live. Discover now