လဝက်စာမေးပွဲကြီးဟာလဲ နီးသည်ထက် နီးကပ်လို့
လာပြီဖြစ်သည် ။ ကျောင်းသားများအားလုံးလဲဒီအချိန်
ဆိုစာတွေကုန်းရုန်းကျက်နေကြပြီဖြစ်သည် ။ သို့သော်
လီလီ့မှာတော့ ချစ်ရသောနှင့်နီးနီးကပ်ကပ်မရှိရသည်
မှာ ရက်အနည်းငယ်ကြာပြီဖြစ်သောကြောင့် လွမ်းဖျား
တက်နေသည် ။ ချစ်ရသောဟာလဲ အခုရက်ပိုင်းစာမေး
ပွဲကိစ္စများနှင့်အလုပ်ရှုပ်နေသောကြောင့် ညဆိုရင်တောင်
အတော်လေးနောက်ကျမှပြန်လာဖြစ်နေတာမို့ လီလီ
မနှောင့်ယှက်ချင်ပါလေ ။သို့သော် လီလီတို့တွေဖုန်းနဲ့တော့အဆက်မပြတ်စာပို့
ဖြစ်ကြပါသည် ။ သို့ပေမဲ့ ဒီနေ့တော့အရင်နေ့တွေက
ထက်ပို၍ အလွမ်းမိုးသဲနေတာကြောင့် သွားတွေ့ရန်
ဆုံးဖြတ်ထားသည် ။"လီရေ လီလီ "
"ဝင်ခဲ့လေ အော် "
ထို့နောက် ချယ်ယောင်းတစ်ယောက် စာအုပ်ကိုင်၍
မျက်နှာချိုသွေးနေသည်မို့ စာရှင်းပြခိုင်းတော့မှာသေ
ချာသည် ။"စာမေးပွဲနားနီးပြီဆို ခေါင်းထဲဘာမှမရှိတော့ဖူး "
ခေါင်းကုတ်ကာဘေးမှငြီးတွားနေသည့်သူမကြောင့်
ပြုံးမိတယ် ။ အတန်းတော့ပျက်ပေမဲ့ နားမလည်တဲ့
စာတွေဆိုချယ့်ဆီမှာမေးလေ့ရှိတာကြောင့် လီလီ့
အတွက်တော့အခက်အခဲတစ်ခုရယ်လဲမဟုတ်ပါ။"ကဲ ရပြီနော် ဒါဆို. . "
လက်မထောင်ပြကာ စာအုပ်ကိုင်ပြီးထွက်သွားပြန်
တယ် ။ ဘယ်အချိန်ထပ်ပြန်လာအုံးမလဲမသိပါဖူး
လေ ။ ယိုနာတစ်ယောက်ကတော့တခြားသူတွေနှင့်
စာအတူလုပ်မယ်ဆိုပြီး အခန်းလည်နေတာကြောင့်
လီတစ်ယောက်ထဲပေါ့ ။ဖုန်းကိုထုတ်ကြည့်လိုက်တော့ ၉နာရီနဲ့ ၄၅မိနစ် ။
ဒီအချိန်လောက်ဆိုရင်တော့ သူမပြန်ရောက်နေ
လောက်ပါပြီလေ ။ ဒီအချိန်သွားရင်တခြားအဆောင်
သူများနှင့်ကြုံမှာစိုးတာကြောင့် နဲနဲနောက်ကျမှသာ
သွားရန်ကြံစည်ထားလိုက်သည် ။လွမ်းရတဲ့အချိန်တွေဟာ တကယ်တော့ကြာရှည်ပါ၏။
နာရီလက်တံတွေတရွေ့ရွေ့သွားနေပုံမှာ လီလီ့ကိုစိတ်
မရှည်တော့အောင်ပြုလုပ်နေသည် ။ နာရီကိုကြည့်၍
စိတ်ဂဏာမငြိမ်ဖြစ်နေသည့် လီ့မှာ ချယ့်ဆီကစာဝင်
လာပြီးနောက် ငြိမ်ကျသွားတော့တယ် ။
YOU ARE READING
ချယ်
Fiksi Penggemarမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။