အပိုင်း ( ၁၀ )

1.5K 109 6
                                    

အတန်းမတက်တာတွေများလှပြီမို့ ဒီနေ့တော့လီတို့
အုပ်စု rc ရအောင်ယူမည်လို့ဆုံးဖြတ်ထားကြပါသည်။
အရှေ့မှသင်နေတဲ့ စာကိုသေချာအာရုံစူးစိုက်၍နား
ထောင်နေပေမဲ့ နှလုံးသားလေးကအလိုမကျဖြစ်နေ
တာကိုခံစားမိသည် ။ ဘာလို့လဲဆို ဒီအချိန်ဆိုအတန်း
လစ်ပြီးကန်တင်းမှာ ချယ်နဲ့တွေ့နေကြမို့ပင် ။

ဝင်သက်ထွက်သက်များကိုပုံမှန်ရူထုတ်နေပေမဲ့
ရင်ဘတ်ထဲတွင်ဟာတာတာဖြစ်နေသည့်ခံစားမှုမျိုးကို
ပျောက်ကွယ်အောင်မလုပ်နိုင်သေးပါ ။ ချယ်ကယ်မှဖြစ်
တော့မည် ။ ဟုတ်ပါသည် သူမတစ်ယောက်ထဲသာကု
သပေးနိုင်မည့်ရောဂါမျိုးဖြစ်နေပြီထင်ပါရဲ့ ။

Break time ဆယ်မိနစ်ပေးသည်မို့ ကန်တင်းဆီသို့
အမြန်ပြေးကာ သက်လျာလေးရဲ့မျက်နှာကို သွားရောက်
ဖူးမြော်လိုက်အုံးမည် ။

"ငါ ချယ့်ဆီသွားလိုက်အုံးမယ် ၊ ဆရာမမလာခင်အမှီ
ပြန်လာခဲ့မယ် "

ဘေးမှချယ်ယောင်းတို့ဟာ ကြောင်တောင်တောင်နှင့်
ကျန်ခဲ့ကြတော့သည် ။ အဓိကက ချယ့်မျက်နှာလေးကို
မြင်ရဖို့ကအရေးကြီးတာမို့ မဖြစ်မနေကိုသွားမှာ ။

ဆယ်မိနစ်ထဲမို့ လီ့ခြေလှမ်းတွေကို ခပ်သွက်သွက်
လျှောက်လိုက်သည် ။ ကန်တင်းသို့ရောက်သော် ချယ့်
ကိုလိုက်ရှာလိုက်သည် ။ တစ်နေကုန်မျက်နှာမကောင်း
ဖြစ်နေပေမဲ့ သူမမျက်နှာလေးကိုမြင်ရပြီးနောက်မှာ
အပြုံးတစ်ခုဟာပေါ်ထွက်လာခဲ့ပြီ ။

"ချယ်. . ."

ခြေလှမ်းတွေဟာ တွန့်ဆုတ်သွားသည် ။ အရှေ့ကိုတိုး
ရမလား ၊ အနောက်သို့ဆုတ်ရမလားဖြစ်နေသည် ။
ချယ့်ဘေးသို့ တခြားယောက်ျားတစ်ယောက်ရောက်လာ
၍ နီးကပ်စွာထိုင်နေကြသည့်မြင်ကွင်းဖြစ်သည် ။ ထိုမြင်
ကွင်းနားသို့ ဆက်လျှောက်သွားရမလား ၊ ဒီတိုင်းဘဲရပ်
နေရမလား ။

"ချယ် "

သူမနာမည်ခေါ်လိုက်တော့ ထိတ်လန့်သွားဟန်ရှိသည် ။ ဝိုင်းအနားထိလာနေတာတောင် သူမမမြင်တာမို့နာမည်
ခေါ်လိုက်ရခြင်းဖြစ်သည် ။

"အော် လာလေ ထိုင် "

မောင်လို့တောင်မခေါ်တာမို့ ဒီအခြေအနေကိုသဘော
ပေါက်လိုက်ပြီ ။ ထို့ကြောင့် ထိုင်ပြီးသူတို့နှစ်ယောက်ကို
ကြည့်နေစရာလဲမလိုတော့ပါ ။

ချယ်Where stories live. Discover now