အချစ်မှာ ဒုတိယအကြိမ်ကျရှုံးတာကိုတွေ့ဖူးကြလား။
ပထမအကြိမ်ကလည်းမင်းကိုပဲ ၊ ဒုတိယအကြိမ်လည်း
မင်းအပေါ်ကိုပဲ ကျရှုံးချင်မိတယ် ။ တို့အရွယ်အပျိုကြီးတွေ
ကလေ တစ်ခါချစ်မိသွားရင် အဲ့ဒီချစ်မိတဲ့လူဆီကိုပဲ အချစ်တွေ
အားလုံးပေးထားလိုက်ချင်တာ ။"ဂျီဂျီ..သူ တို့ကိုနမ်းသွားတယ် "
"ဘယ်လို?"
ရှက်ကိုးရှက်ကန်းနှင့် ဂျီဂျီ့ကိုဖြစ်ကြောင်းကုန်စင်
ရင်ဖွင့်လိုက်သည် ။ ထို့နောက်ဂျီဂျီဟာ ကျွန်မအဖြစ်
ကိုရယ်နေတော့တယ် ။"ဒါဆို ယူတို့နှစ်ယောက်ကဘာတွေဖြစ်သွားပြီလဲ "
"တို့မသိဖူး ဂျီဂျီ... "
ဂျီဂျီနှင့်အတူ အလုပ်လုပ်ရင်း စကားစမြည်ခြင်းမှ
စခဲ့သည် ။ အလုပ်ချိန်ပြီး၍ အပြန်တွင် ကျွန်မတစ်
ယောက်တည်းဖြစ်နေသည် ။ အရင်ကဆို ဟိုကောင်
မလေးဟာ တစ်နေရာမဟုတ် တစ်နေရာတွင်စောင့်
နေတတ်သည် ။ သူ့ကိုမတွေ့တာကြောင့် လမ်းကိုဖြေး
ဖြေးချင်းသာလျှောက်လာခဲ့ပြီး တစ်နေရာအရောက်တွင်.."ချယ်.. "
"အမလေး.."
ဘေးတွင်ဝါးကနဲပေါ်လာတာကြောင့် လန့်သွားတာ
အမှန်ပင် ။ သူ့အကြောင်းတွေးနေတုန်း သူပေါ်လာ
တာကြောင့်လည်းပါမည် ။"ဒီနေ့စောတယ်နော် "
"အင်း.."
"တီချယ် ဒီနေ့ လီလီအတန်းတက်တယ်နော် "
"အင်း.."
သူနှင့်တွေ့တာကို ကျွန်မမှာရှက်နေမိတာ ခက်ပါပြီ။
စကားပြောဖို့တောင် ကျွန်မမှာ အတော့်ကိုနေရခက်
နေတယ် ။ ဘေးနားတွင်တစ်ကောက်ကောက်လိုက်
ကာ ကျွန်မကိုမေးခွန်းများစွာမေးနေတယ် ။
အိုက်ယားး..ဒီကလေးနဲ့တော့ခက်ရပါရဲ့ ။"လီဆာ!"
အနောက်မှခေါ်သံကြား၍ ကျွန်မတို့နှစ်ယောက်သား
လှည့်ကြည့်မိတော့ ပတ်ဂျီဟို ။ ကျွန်မကလေးငယ်ကို
လက်ပြကာခေါ်နေသည် ။ သူလေးဟာလည်း ပြုံးပြပြီး
ထိုမိန်းမဆီသွားရန်ပြင်နေသည် ။ ကလေးငယ်၏လက်
အားကိုင်ဆွဲဖို့ရာ အင်အားမရှိတာမို့ သူထွက်သွားတာ
ကိုကြည့်နေလိုက်ရသည် ။ သူ့ကိုစောင့်မနေတော့ပဲ
အဆောင်ထဲသို့ပြန်ဝင်လာခဲ့သည် ။ ထိုအချိန်တွင်
မျက်လုံးထဲတွင် ဖြစ်ရပ်တစ်ခုဟာ ဖြတ်ကနဲဆိုသလို
ပေါ်လာခဲ့သည် ။ လမ်းခုလတ်တွင်ရပ်နေမိပြီး အဖြစ်
အပျက်ထဲတွင် စိတ်ရောက်နေမိသည် ။
![](https://img.wattpad.com/cover/310648877-288-k566687.jpg)
YOU ARE READING
ချယ်
Fanficမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။