အပိုင်း (၆)

1.5K 128 4
                                    

လီ့ရဲ့နေ့ရက်တိုင်းကို ချယ်နဲ့ဘဲစချင်ခဲ့တာပါ။

လီ့အတွေးထဲမှာ ချယ့်သိက္ခာ ၊ ချယ့်ဂုဏ်ကိုထိခိုက်စေမဲ့
အရာမျိုးတွေလုံးဝမလုပ်ချင်တာပါ။ ဒါဟာလဲအရမ်းချစ်
လို့ဆိုတာချယ်သိပါစေလို့ ဆုတောင်းပါ၏။

"နင်ကလဲဘာလို့ အဲ့လောက်တောင်ငြင်းနေရတာလဲ
ဟိုကနင့်ကိုအပျိုကြီးတန်မဲ့ဖွင့်ပြောနေတဲ့ဟာကို"

ချယ်ယောင်းမှဆူသလိုပြောနေပေမဲ့ လီ့အတွေးတွေကို
လီဘဲနားလည်မည်။ ဒီအတိုင်းလေးသာ ၊ ဒီအခြေအနေ
လေးတွင်သာရပ်နေလိုက်တာကပို၍ကောင်းမည်ထင်
သည်။

"အတန်းမတက်တော့ဖူးလား။ ဒီအကြောင်းဘဲပြော
နေတော့မှာလား"

စိတ်ရှုပ်စွာပြောလိုက်တာမို့ သူမဟာလီ့ကိုဘာစကားမှ
ဆိုမလာတော့ပါ။ ဒီရက်ပိုင်းကတော့ အသည်းကွဲတဲ့
လူတစ်ယောက်လိုမျိုးဖြစ်နေအုံးမည်ထင်ပါတယ်။

စာရေးရတာလဲစိတ်မပါ ၊ ထိုအကြောင်းအရာကဘဲ ကြီးစိုး
နေသည်။ ခက်ပါ၏ ။

-

"ထပ်ငြင်းလိုက်တယ် ဟုတ်လား?"

ဆိုင်အတွင်းဝယ် လေသံအနည်းငယ်ကျယ်သွားတဲ့ ဂျီ့ကို
လက်ကုတ်ကာ အသံတိုးရန်သတိပေးလိုက်သည်။ ထို
အမည်နာမလေးအား ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ
ကျွန်မလဲမသိတော့ပါလေ ။ ဒီလောက်မြောင်းပါဖောက်
ပေးထားတာကိုရေကမဆင်းလာတော့လဲ အင်း အင်းပေါ့။

" ယူ့ဟာလေးကမဟုတ်သေးပါဖူးကွာ ။ ဒီလောက်ဖွင့်
ပြောနေတာတောင်မှငြင်းရတယ်လို့ "

အရှေ့မှမုန့်ကိုတို့ကနဲဆိတ်ကနဲလုပ်နေသည့် ကျွန်မကို
ဂျီဟာအားမလိုအားမရဖြစ်နေပုံပေါ်သည်။ စိတ်တိုပုံပေါ်
နေသည့်သူမဟာ ထိုအမည်နာမလေးကိုသွားရန်တွေ့မှာ
တောင်စိုးနေရသည်။

"ဒါဆိုတစ်နည်းဘဲရှိတော့တယ် ။ ယူသူ့ကိုမေ့လိုက်
တော့ "

ပြောရက်ပါ၏ ဂျီဂျီ ။ ဘယ်လိုလုပ်မေ့နိုင်ပါ့မလဲ ။
နှလုံးသားကဒီကလေးမလေးမှ ဒီကလေးမလေးဖြစ်
နေတာကို ဘယ်လိုစိတ်နဲ့များမေ့လို့ရပါ့မလဲ။

"မဖြစ်နိုင်ဖူး ဂျီဂျီ ။ တို့မမေ့နိုင်ဖူး အဲ့လောက်မလွယ်
ကူဖူး "

ချယ်Where stories live. Discover now