"မောင်.. "
ဘယ်လောက်တောင် လှရက်တဲ့နာမ်စားလေးပါလိမ့် ။
မောင့်ကို မြတ်နိုးတဲ့ မြတ်နိုးခြင်းတွေကိုသာ စာစီရမည်ဆိုလျှင်
ဘွဲ့လွန်စာတမ်းထက်တောင်ရှည်နေအုံးမည်လား..။"ဂျန်းနီ အော်ဇီသွားရမဲ့အောင်စာရင်းထွက်တော့မယ်တဲ့ "
မောင့်အကြောင်းတွေးနေတုန်းရောက်လာသည့်စကားဟာ
ခံစားချက်နှစ်မျိုးကိုဖော်ဆောင်တယ် ။ အကယ်၍သာ သွားရ
မည်ဆိုလျှင် ကျွန်မမောင်နှင့် မခွဲချင်သေး ။ သူ့ကိုချစ်ဖို့သတ္တိ
တွေရှိလာပြီးမှ မောင့်ကိုထပ်ပြီးခွဲမသွားချင်သေး ။ သို့သော်
ကျွန်မရဲ့အိမ်မက်အချို့ကိုလည်း အကောင်အထည်ဖော်ချင်
သေး၏ ။"ဂျီဂျီ တို့အော်ဇီသွားရမဲ့စာရင်းထဲပါခဲ့ရင် ကလေးငယ်ကို
ဘယ်လိုပြောရမလဲ..""အရှိကိုအရှိအတိုင်းပဲပြောရမှာပေါ့ ဂျန်ရယ်.."
"အင်းနော် သွားရမဲ့အကြောင်းကိုပဲပြောရမှာပေါ့ "
စာရင်းကအတိအကျမထွက်သေးတာမို့ အနည်းငယ်တော့
စိတ်အေးရပါတယ် ။ မောင်တို့ကျောင်းဆင်းလောက်ပြီ ။
ရုံးဆင်းချိန်လည်းရောက်ပြီမို့ အပြေးလေးဘဲ မောင့်ဆီ ။ကလေးငယ်လေးဟာ အဆောင်သို့လမ်းလျှောက်ပြန်ပုံရသည်။
ဘေးနားတွင်လည်း မည်သူမျှမပါ ။ သူ့နံဘေးသို့ အပြေးလေးပဲ
လျှောက်လိုက်ကာ ခြောက်လိုက်သည် ။ကျွန်မခြောက်သည်ကို သူမကြောက်ခဲ့ပါ ။ ပြုံး၍သာကြည့်နေပြီး
ချစ်ဖို့ကောင်းတယ် ဆိုတဲ့စကားတစ်ခွန်းကိုသာပြော၏ ။ ထိုအပြုံး
ဟာ မောင့်ရဲ့မျက်နှာတည်တည်ပေါ်တွင်နေရာယူထားတာ အချိန်
အတော်ကြသည် ။"ဒီနေ့ဖြေနိုင်ရဲ့လား "
"မဆိုးပါဖူး တီချယ် "
"တို့သူငယ်ချင်းကလည်းပြောပါတယ် မဆိုးပါဖူးတဲ့ "
"သူငယ်ချင်းဆိုတာက? "
"အော် ဒီနေ့ မင်းကျတဲ့ဆရာမလေ အဲ့တာတို့သူငယ်ချင်း "
"အာ... ဒါဆို လီလီ့အကြောင်းမေးထားတာပေါ့နော် "
YOU ARE READING
ချယ်
أدب الهواةမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။