တဖြေးဖြေးနှင့် ကျောင်းပြန်ဖွင့်တော့မည့်ရက်သို့
ရောက်ရှိလာခဲ့သည် ။ သို့သော် ကျောင်းတွင်ကိစ္စ
တစ်ခုကြောင့် လီတို့ပထမနှစ်များသည်အဆောင်
ပြောင်းရန်ဖြစ်ပေါ်လာသည်။ အဆောင်ပြောင်းရ
မည်ဖြစ်သောကြောင့် ပထမနှစ်များအားလုံးမကျေ
မနပ်ဖြစ်နေကြတော့သည် ။ ထိုသူများထဲတွင် လီ
လီလဲထိပ်ဆုံးကပါ ၊ တီချယ့်ကိုငေးကြည့်ခွင့်မရတာ
ကစ၍ တီချယ့်အခန်းကိုလဲခိုးသွားလို့မရတာ အဆုံး။ကျောင်းရောက်တော့ အဆောင်ပြောင်းရမည်ဖြစ်၍
ပစ္စည်းတွေအား ချယ်ယောင်းတို့နှင့်အတူရွေ့ဖြစ်ခဲ့သည်။
ထိုစဉ်အပေါ်ထပ်ဝရံတာမှ ချောင်းကာကြည့်နေသည့်
တီချယ့်ကို အမှတ်မထင်တွေ့လိုက်ရသည် ။ မျက်နှာ
ကောင်းပုံမပေါ်တာမို့ ပစ္စည်းတွေနေရာချပြီးရင်တော့
အခန်းထဲသွားပြီးအလွမ်းသယ်အုံးမှပါဟုတွေးကာ
ပစ္စည်းတွေအား အမြန်ပင်နေရာချလိုက်သည် ။"ယောင်း ၊ ယိုနာ.. ငါတီချယ့်ဆီသွားလိုက်အုံးမယ် "
မသိမသာလေးဘဲ အဆောင်ထဲမှထွက်လာကာ
တီချယ့်အခန်းဆီသို့ တက်လာခဲ့သည် ။ စာအုပ်
တစ်အုပ်နှင့်အလုပ်ရှုပ်နေသည့်သူမကို နောက်မှ
ခြောက်လိုက်တော့ ပြုံးပြနေသည် ။"အချစ် "
"မောင်.."
မျက်နှာလေးကတော့ပြုံးပြနေပေမဲ့ မျက်လုံးတွေက
တော့ဝမ်းနည်းနေသည် ။"မျက်နှာမကောင်းပါ့လား။ ဘာဖြစ်လို့လဲဟင်။
မောင့်ကိုပြောလေ "ရင်ခွင်ထဲသို့တိုးဝင်လာကာ ငြိမ်သက်နေသည် ။
အသက်ရှူသံကလွဲလို့ ဘာစကားသံမှထွက်မလာ
သည်မို့ ရင်ခွင်ထဲမှအမျိုးသမီးလေး၏ကျောကုန်းအား
ပုတ်ပေးနေလိုက်သည် ။"တို့လေ မောင်နဲ့မခွဲရဖို့ပြောပါသေးတယ် ။ ဒါပေမဲ့
အထက်ကအမိန့်ဆိုတော့ တို့ဘာမှမတတ်နိုင်
လိုက်ဖူး မောင်ရယ် "သူမဟာ လီလီ့အတွက်ဆို အထက်လူကြီးကိုတောင်
ပြန်ပြောရဲတဲ့အထိချစ်ပါ့လားလို့သာ တွေးလိုက်ပြီး
ရင်ခွင်ထဲမှ သူမအားထုတ်လိုက်ကာ မျက်နှာချင်း
ဆိုင်၍ အချိန်ခနကြာမျှလီလီတို့တွေအကြည့်ချင်း
ဆုံနေပြီးနောက်
![](https://img.wattpad.com/cover/310648877-288-k566687.jpg)
YOU ARE READING
ချယ်
Fanfictionမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။