မှန်ထဲမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်ကာ မျက်နှာပေါ်သို့
မိတ်ကပ်များအနဲငယ်ဖို့လိုက်သည် ။ နှုတ်ခမ်းနီရဲရဲကို
အနဲငယ်တို့လိုက်ကာ နေရာစုံသို့ရောက်အောင်ညှိလိုက်
သည် ။"ဟယ်လို အွန်း. .တို့ထွက်လာပါပြီ "
ဒီနေ့ကျောင်းတုန်းကသူငယ်ချင်းများနှင့်တွေ့ဆုံပွဲရှိ
သည်မို့ ဒီလိုမနက်စောစောအလှပြင်နေရခြင်းဖြစ်
သည် ။ မနက်ပိုင်းမို့ ကားလမ်းတွေဟာရှင်းနေသည်။
တကယ်တော့ တွေ့ဆုံပွဲကနေ့လည်ခင်းမှပါလေ ၊
ကျွန်မတို့အဖွဲ့ကကြိုပြီးလေပေါချင်လို့စောစောထွက်
လာခြင်းသာဖြစ်ပါသည် ။"ဟိုအိပ်ပုတ်လေး မနိုးသေးဖူးလားမသိဖူး "
ချစ်ရသောလေးအားသတိရသွားတာမို့ ဖုန်းဆက်လိုက်
တော့တယ် ။ ချက်ချင်းမကိုင်ပုံထောက်ရင် သူကလေး
မနိုးသေးတာသေချာပါတယ်လေ ။"ဟယ်လို..."
ထိုအသံသြသြဟာ ကျွန်မရင်ကိုလှုပ်ခါစေလိုက်တာ
တအားပါဘဲ ။ ဘာမှပြန်မပြောသေးဘဲ ငြိမ်နေလိုက်
တယ် ။"ဟယ်လို..ချယ် ။ ဘာမှမပြောတော့ဖူးလားလို့ "
"မောင်အိပ်ပုတ်ကလေး ထတော့ "
တစ်ဖက်ကသဘောကျ၍ ရယ်နေတယ်ဆိုတာကို
သတိထားမိပါရဲ့လေ ။ သူကလေးရဲ့ရယ်သံနှင့်အတူ
ကျွန်မလဲ ပြုံးမိတယ် ။ အပြုံးဆိုတာကူးစက်တတ်တယ်
တဲ့ ။"အစောကြီးဘဲအချစ်ရယ် ။ မောင်ကဒီအချိန်ထပြီး
ဘာလုပ်ရမှာလဲလို့ ။ မောင့်မှာအလုပ်ဆိုလို့ အချစ်ကို
ချစ်ရတဲ့အလုပ်ဘဲရှိတာကိုး..ဟီးဟီး ""ဟားဟား အတတ်လေးနော်..ဒါဆိုလဲ တို့ကို
စောစောထပြီးချစ်ပေးပေါ့လို့ "ချစ်ရသူလေးနှင့်အတူနိုးထရတဲ့မနက်ခင်းတွေဟာ လီ့
အတွက် ကြည်နူးမှုတွေကိုသယ်ဆောင်လာပေးတယ်။
အသံလေးကြားရုံနဲ့တင် မကျေနပ်နိုင်တဲ့ ကို့ကိုယ်ကို
ဘယ်လိုလုပ်ရပါ့မလဲ ။ မနက်ခင်းပိုင်းဆို သူမကိုယ်
တိုင်ကိုယ်ကျလုပ်ပေးထားတဲ့ မနက်စာကိုစားလိုက်ရမှ
တနေကုန်နေလို့ထိုင်လို့ကောင်းတယ်လို့ထင်တဲ့အထိ
ပါဘဲ။ အခုတော့ ကို့ဘာသာကိုယ်ဖျော်ထားသည့်
ပေါ့ရွတ်ရွတ်ကော်ဖီတစ်ခွက်...။ အချစ် လိုနေတယ်
ထင်တယ် အချစ် အချစ် ။
YOU ARE READING
ချယ်
Fanfictionမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။