"ဂျီဂျီ.. လာလီဆာ မာနိုဘန်ဆိုတဲ့ကလေးမလေး
အကြောင်း တို့သိချင်တယ်"စကားဝိုင်းဟာ သိပ်မကြာခဲ့ပေမဲ့ ဂျီဂျီဆီမှ သိချင်နေ
သည့်အရာများကိုသိလိုက်ရပြီဖြစ်သည်။ ထို့နောက်
လက်ချာတစ်ချိန်ရှိတာမို့ အချိန်ဇယားကိုကြည့်ပြီး
ပြုံးလိုက်မိတယ် ။ အရှေ့ဆရာ မထွက်သေးတာမို့
အပြင်ဘက်မှာရပ်စောင့်နေရင်းနှင့် မာနိုဘန်ဆီသို့
မျက်လုံးများရောက်သွားမိသည်။ စာကိုစူးစူးစိုက်စိုက်
နှင့်နားထောင်နေသည်မှာ အတော့်ကိုဆွဲဆောင်မှုရှိ
လှသည် ။ ဆံပင်ကိုနားကြားသို့ထိုးသွင်းလိုက်တာမျိုးက
အစ ဘောပင်ကိုလက်ဖြင့်လှည့်နေသည်ကအဆုံးပေါ့..။ဒီလိုနှင့် ကျွန်မစာသင်ရမဲ့အချိန်ရောက်တော့လည်း
သူကလေးဟာ ကျွန်မဆီကိုသာအတွေးတွေလွှင့်ထား
သလားအောင့်မေ့ရတယ် ။ တစ်ချိန်လုံးနီးပါးစာအုပ်ကို
တောင်မကြည့်တော့ဘဲ ကျွန်မကိုသာ ကြည့်နေတာမို့
နေရထိုင်ရခက်သည်မှာတော့အမှန်ပါ ။ ဒါပေမဲ့လဲ ဒီလို
အခြေအနေမျိုးကို ကျွန်မသာယာနေမိပြီလား..။ တစ်ခါ
တစ်ခါဆို မျက်စိပါမှိတ်ပြနေသည်မို့ ဒီကလေးကြောင့်
စာသင်တာတွေမမှားအောင် ဂရုပြုနေရသည်။အတန်းချိန်ပြီးတော့ ကျောင်းသားတွေအားလုံးအပြင်
ထွက်နေတဲ့အချိန်တွင် သူကလေးဟာတော့ ကျွန်မကို
ထိုင်ကြည့်နေတုန်းပင် ။ ထို့နောက် ကျွန်မနောက်တွင်
ခြေလှမ်းလိုက်ပါလာသည် ။"ချယ်.. လီလီပြောထားတာလေး စဉ်းစားပေးပါ့လား"
"ဘာကိုလဲ? "
"ရည်းစားစကားပြောထားတယ်လေ"
"အော် ဟိုနေ့ညကအခွင့်ကောင်းယူတာ.."
ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြနေပြီး ဘေးကနေထပ်ချက်
မကွာလိုက်နေသည် ။ အဆောင်သို့ပြန်မည့်လမ်းကလဲ
တူနေသည်မို့ ကျွန်မလဲမနီးမဝေးကသာယှဉ်၍လျှောက်
လာခဲ့ကြသည် ။ အဆောင်ရှေ့သို့ရောက်သော် ကား
အဖြူရောင်ရပ်ထားသည်ကိုတွေ့တာမို့ ထိုကလေးနှင့်
လမ်းခွဲကာ ထိုကားဆီသို့သွားဖို့အပြင် သူ့လက်များဖြင့်
လှမ်းဆွဲလိုက်သည် ။
YOU ARE READING
ချယ်
أدب الهواةမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။