ကျောင်းလဲပိတ်သွားပြီမို့ သူငယ်ချင်း၏မင်္ဂလာဆောင်သို့
ကျွန်မတို့အတွဲနှင့် ဂျီဆူတို့အတွဲထွက်ခဲ့ကြသည် ။ မနက်
အစောလေယာဉ်မို့ မောင်ဟာကျွန်မပခုံးကိုမှီကာအိပ်ပျော်
နေသည် ။ နှစ်ခြိုက်စွာအိပ်ပျော်နေသည့် မောင်ကလေးအား
ကြည့်ကာရင်ထဲတွင်အတိုင်းထက်အလွန်ကြည်နူးမိပါသည် ။"မောင်ရေ..ထတော့ကွယ် ရောက်ပြီ "
"ဟင် ရောက်တောင်ရောက်သွားပြီလား "
"ရောက်ပြီပေါ့ ကလေးရဲ့..အင့် သွားရည်တွေကိုသုတ်ပါအုံး"
"ဟာ တီချယ်ကလဲ "
ပါးစပ်ကိုလက်နှင့်ကိုင်ကြည့်ကာ ပေးလိုက်သည့်တစ်ရှူးနှင့်
သေချာသုတ်နေတော့သည် ။ ကျွန်မတို့လေဆိပ်တွင် အနည်း
ငယ်ကြာစောင့်ပြီးနောက် ကျွန်မတို့သူငယ်ချင်းကြီးရောက်လာ
ပါတော့သည် ။"ဟေး ဂျန်နဲ့ ဂျီဂျီ မတွေ့တာကြာတော့လှလာလိုက်တာ "
"အမယ် နင်လဲတူတူပါပဲနော်..မိန်းမ ယောက်ျားယူတာ
မြန်လိုက်တာဟယ် "ထိုအချိန် အနောက်မှကလေးနှစ်ယောက်ကတော့ ကြောင်
တောင်တောင်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
နေကြသည် ။ အပျိုကြီးတွေရဲ့ ပြန်လည်တွေ့ဆုံမှုအချိန်
အတော်ကြာပြီးနောက်တွင် တီချယ့်သူငယ်ချင်းမင်္ဂလာ
ဆောင်မည့်ဟိုတယ်သို့ရောက်လာခဲ့ကြသည် ။"အပျိုကြီးတွေနော်..ကလေးတွေကိုခေါ်လာပြီး
မဟုတ်တာလုပ်ဖို့မကြံနဲ့ ""ဟယ် ပေါက်တတ်ကရ "
တီချယ်မှစကားဝင်ထောက်လိုက်တော့ အနည်းငယ်
အရှက်ပြေသွားရသည် ။ တီချယ်မှဦးဆောင်ကာ အခန်း
ဆီသို့သွားနေသည် ။ အခန်းထဲရောက်တော့ ကုတင်ကလဲ
နှစ်ယောက်အိပ်ကုတင် ၊ အပြင်အဆင်ကလဲ ဟန်းနီးမွန်း
ထွက်လာသည့်စုံတွဲများအတွက်လိုလို ၊လီလီ့ရင်တွေခုန်
လာတာကြောင့်ထိုတံခါးနားတွင်မတ်တပ်ရပ်နေလိုက်သည်။"မောင် တံခါးပိတ်လိုက်လေ "
"ဟင်.. ဘာ ဘာလို့လဲ"
တီချယ်ဟာ လီလီ့ကိုကြည့်ကာ ပြုံးပြီး တံခါးကိုသူ့ဘာသာ
သွားပိတ်လိုက်သည် ။ ထို့နောက်ရပ်မြဲအတိုင်းရပ်နေသည့်
လီလီ့ခါးကို အနောက်မှဖက်လိုက်ကာ ရိသဲ့သဲ့လုပ်တော့
သည် ။
YOU ARE READING
ချယ်
Fanficမောင်ကလေ အဓိပ္ပါယ်တွေနက်နဲနေတဲ့ကဗျာလေး တစ်ပုဒ် ။ အပေါ်ယံဖတ်ကြည့်လိုက်ရင်တော့ ဘာမွ နားမလည်လိုက်သလိုဘဲ ဒါပေမဲ့လေ အချိန်ယူပြီးဖတ် ကြည့်ရင်တော့ တွေးလေလေ အဓိပ္ပါယ်တွေကပိုပြီး နက်လာတဲ့ကဗျာလေးလိုပါဘဲကွယ်. .။