Unicode
ဂိမာန်ကာလ ဥသြငှက်အော်မြည်သံက လွမ်းဆွတ်ဖွယ် ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်နေသည်။ တစ်ခေတ်တစ်ခါကရွှေမြန်မာတို့ရဲ့တည်ရှိမှုကလည်း ခမ်းနားတင့်တယ်လှပါသည်။ သမိုင်းကြောင်းတစ်လျှောက် ဘာသာသာသနာ ယဉ်ကျေးမှု အနုပညာလက်ရာ တီထွင်နိုင်မှု စာပေပညာရှင်တွေစသည်ဖြင့်ခေတ်အဆက်ဆက်တိုင်အောင်ကျော်ကြားလာခဲ့သည်မှာ ရာစုနှစ်မနည်းပါ။
ထိုအရာတွေထဲမှာမှ ပုံပြင်သဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကျွန်တော်ပြောပြပါမယ်။ အချစ်ဆိုတဲ့အရာကို ကျွန်တော်တို့ပုထုစဉ်လူသားတွေမလွန်ဆန်နိုင်ကြဘူး။ အချစ်ကလူတိုင်းနဲ့တည့်ပေမဲ့ ကျားမသဘောတရားအရမဟုတ်ဘဲ ဘုရင့်ကိုယ်လုပ်တော်တွေထဲယောက်ျားလေးတွေရှိနေတာမျိုးတွေ ကြားဖူးကြမှာပါ။ သို့သော် မိဖုရားတွေ မင်းသမီးတွေမှာလည်း မိန်းကလေးကိုယ်လုပ်တော်ရှိတာမျိုး ထည်ထည်ဝင်းဝင်းကြားဖူးကြမည်မဟုတ်။ လိင်တူကြိုက်တာနဲ့အပြစ်ပေးကြတယ်မဟုတ်လား။ ဒါကလွဲမှားတဲ့အယူအဆအတွေးခေါ်တွေပါ။ စာဖတ်သူကိုယ်တိုင်ကLGBTဆိုရင်လက်ခံကောင်းလက်ခံနိုင်ပါလိမ့်မယ်။ သို့ပေမဲ့ဘောင်ပြင်ကလူတွေကတော့ လက်သင့်ခံနိုင်မည်မဟုတ်ပါ။ ကဲဒါဆိုအတိတ်တဘောင်သို့ကျွန်တော်နဲ့အတူအလည်သွားကြရအောင် ကဲပုံပြင်လေးစကြစို့ဗျာ...
ယောက်ျားလေးဆန်လွန်းပြီး ဖြစ်ချင်တာကို ရအောင်ဖန်တီးယူတတ်သည့် ဘုရင်စကြာသုခနဲ့မိဖုရားခေါင်းကြီးစန္ဒာဒေဝီတို့၏ သမီးတော်မင်းသမီးပဉ္စသိပ္ပ။ သွေးသားညီအစ်ကိုမောင်နှမ ၁၆ယောက်ထဲမှာမှရှားရှားပါးပါး သမီးတော်တစ်ဦးတည်းပါသည်မို့ ဖခင်မှာအတော်ချစ်ရှာပါသည်။ စိတ်ထက်မြက်ပြီး ဂုဏ်ဒြပ်ရာထူးသိပ်မမက်။ တိုင်းသူပြည်သားတွေကို ကူညီဖေးမသူ စာနာထောက်ထားမှုရှိသူ သဘောကောင်းသူဖြစ်တာကြောင့် ဗာရာဏသီတိုင်းသူပြည်သားတိုင်းရဲ့ ချစ်မြတ်နိုးခြင်းခံရသူ မင်းသမီးတစ်ပါးဖြစ်သည်။
"ဖခမည်းတော်ဘုရား ဤကျောင်းတော်မှာမှ ပညာမဆည်းပူးရရင်ဖြင့် သမီးတော်ရဲ့ ၁၈နှစ်ပြည့်မင်္ဂလာတော်အယူ မထမြောက်နိုင်ကြောင်းပါဘုရား..."
YOU ARE READING
Princess Sippa