Unicode
ရက်ပေါင်းလေးဆယ်ကြာတိုက်စစ်ကို အားပြုနေသော်လည်း မဟန်တော့ချေ။ အထူးလေ့ကျင့်ပေးထားသည့်ရန်သူတပ်တွေဟာ နေ့တိုက်ညနားပြီး စခန်းချရာတဲအနားပင် သူလျှိုလူလွှတ်၍မရ။ လေးသည်တော်ကိုရှေ့တန်းထားသည်မှာ ဗျူဟာအတုဟုထင်မှတ်ခဲ့ပေမဲ့ ယခုထိုဗျူဟာကြောင့် တပ်မအင်အားလျော့ရဲလာလေပြီ။ မဟာမိတ်တိုင်းပြည်စစ်သည်အင်အားကြောင့်သာ အထိမနာဟုထင်ရသော်လည်း နန်းတော်မြို့ရိုးအနားတက်လာခြင်းမရှိသည့်အတွက် အင်မတန်စိတ်ပျက်မိသည်။
"ဖခမည်းတော်..."
စိတ်ထောင်းကိုယ်ကြေဆိုသည့်အတိုင်း ဖိအားများကြောင့်နွမ်းလျပိန်လှီသွားသည့် ဖခမည်းတော်အား မကြည့်ရက်တော့ပါ။ ရွှေခုတင်တော်ထက် လှဲလျောင်းနေပြီး အတွေးနယ်လွန်နေဟန်ရှိသည်။ တိုက်စစ်ကိုဦးစားပေးထားသည်မလို့ ခံစစ်အဖြစ်ပြောင်းလဲလိုက်လျှင် ပို၍အထိနာနိုင်ပေမည်။
"သမီးတော် အဘယ်ကြောင့်နန်းဆောင်ကြွလာရတာလဲကွယ် နေ့မှာတိုက်ပြီး ညအခါဝယ်အနားယူကျိန်းစက်ပါဦး..."
"သမီးတော်အနားယူသင့်သလောက် ယူပြီးပါပြီဖခမည်းတော်..."
"အေးကွယ် စစ်မြေပြင်အခြေအနေအားသာရဲ့လား ရက်ပေါင်းသုံးဆယ်ကျော်နေပြီ ရိက္ခာတွေမဟာမိတ်တိုင်းပြည်ကပို့ပေးတာ တိုင်းပြည်ထဲမရောက်ဘူးဆို..."
"မှန်လှပါ မြေအောက်လမ်းတွေ ပိတ်ဆို့ခံထားရကြောင်းပါ အဖက်ဖက်မှဝန်းရံထားသည်မလို့ စားနပ်ရိက္ခာများ မရောက်နိုင်ဖြစ်နေပါတယ်..."
"အလို အင်မတန်ရက်စက်ပါဘိ... မဖြစ်ချေဘူး ငါကိုယ်တော်စီးချင်းထိုးမယ် ဒါမှသာတိုင်းသူပြည်သားတွေနှင့် စစ်သည်အင်အားတို့ အထိမနာနိုင်မှာ..."
အနီးကပ်တိုက်ပွဲတွင် ကြင်သူကအားနည်းနေသည်။ စီးချင်းထိုးရာ၌ ဖခမည်းတော်ကို နိုင်သည့်သူမပေါ်ပေါက်သေးပါ။ ဤပွဲ၌ ကျရှုံးသွားခဲ့လျှင် ကြင်သူ၏ခေါင်းဖြတ်ခြင်းခံရလိမ့်မည်။ ဖခမည်းတော်ရှုံးခဲ့လျှင်လည်း ထိုနည်းတူစွာပင်။
"သမီးတော် ဖခမည်းတော်ပြောနေတာ နားထောင်ရဲ့လား..."
"မှန်လှပါ စီးချင်းထိုးပွဲကို ရန်သူဘက်ကလက်ခံလိမ့်မယ်မဟုတ်... အဘယ်ကြောင့်ဆိုသော် သူတို့အင်အားသာနေပါတယ် ထိုအခြေအနေမျိုးမှာ ဤစီးချင်းထိုးပွဲကို အဘယ်စိတ်နှင့် လက်ခံလိမ့်မည်နည်း... လက်နက်အင်အားအထောက်ပံ့ရထားပေမဲ့ အရေးနိမ့်နေပါပြီ စစ်သူကြီးဗန္ဓတကိုတော့ တိုက်ပွဲအတွင်းမတွေ့မိပါ အကြံစည်တစ်ခုခုရှိလိမ့်မည် ထိုကြောင့်သာ အချိန်ဆွဲတိုက်ပွဲဆင်နွှဲနေရခြင်းဖြစ်ပေမည်..."
YOU ARE READING
Princess Sippa