Ep-6

377 42 4
                                    

Unicode

မျှော်တော်ယောင် မူပိုကာမှ ဖြာကျလာသည့် ဤလရောင်လည်း အလွမ်းဓာတ်ကို မဖြည့်ဆည်းနိုင် နှမတော်လေး အဘယ်အရပ် စံမြန်းနေနည်း။

"အဘယ်ကြောင့် ရွှေစိတ်တော်ညိုမှိုင်းနေရတာပါလဲ ကြင်ယာတော်လောင်းမင်းသားပလ္လတဝုဒိ..."

"အထိန်တော်ကြီး ငါကိုယ်တော်မောင်မင်းကို စုံစမ်းခိုင်းလိုက်သည့်ကိစ္စ အကျိုးအကြောင်းထူးသလော..."

"မှန်လှပါ ကြင်ယာတော်လောင်းမင်းသမီးကုမုဒိနီဟာ မင်းကြီးဘုရားချမှတ်ထားသည့်အရပ်၌ တာဝန်ထမ်းဆောင်နေကြောင်းပါ..."

"အထိန်းတော်ကြီးသိလိမ့်မည်မထင် ငါကိုယ်တော်လွန်စွာထိတ်လန့်နေမိပါ၏... အိမ်မက်အာရုံမှာ မင်းသမီးကုမုဒိနီက ငါကိုယ်တော်မဟုတ်သည့် လုလင်ပျိုတစ်ဦးနှင့် ချစ်ကျွမ်းဝင်နေသည်ဟု မြင်မက်ခဲ့တယ် အဘယ်အကြောင်းအရာကများ နိမိတ်ဆိုးကိုညွှန်ပြနေသလဲ..."

"ဝေးကွာခြင်းဒဏ်ကြောင့် စိတ်တော်ခြောက်ခြားနေခြင်းပါ အချိန်တန်ရင်မင်္ဂလာအခမ်းအနားကျင်းပရတော့မှာပါ ကြင်ယာတော်မင်းသမီးအပေါ် သံသယစိတ်မဝင်သင့်ကြောင်းပါ စိတ်တော်ဖြေဖျောက်ဖို့ အိမ်ရှေ့စံမင်းသားကျက်မှတ်ခိုင်းသည့်ပေစာ ရှေ့မှောက်သွင်းပေးရမလား..."

"ခက်ခဲလေစွ ငါ၏စိတ်အလျင်လည်း အစိုးမရချေ ထိုနည်းတူစွာပင် မင်းသမီး၏စိတ္တနာမ်ကို တခြားသူစိုးမိုးသွားမှာ မလိုလားချေ..."

"နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် လက်ထပ်ရမည်မဟုတ်လော မင်းသမီးကုမုဒိနီဟာ ကိုယ်ကျင့်တရားကို လွန်စွာတန်ဖိုးထားတတ်သူပါ ထို့အပြင်ကတိသစ္စာကို အသက်ထက်တန်ဖိုးထားသည်မလို့ မင်းသားစိတ်တော်ဖြောင့်ပါလေ..."

"မင်းသမီးတာဝန်ထမ်းဆောင်ရာအရပ် သူလျှိုစေလွှတ်လိုက်ပါ..."

အထိန်းတော်ကြီး ဒူးကောက်လိုက်ကာ စိုးရိမ်သံဖြင့်...

"ပြန်လည်သုံးသပ်တော်မူပါမင်းသား ဤအချင်းအရာကိုသာ ကြင်ယာတော်လောင်းမင်းသမီးသိသွားခဲ့လျှင် လက်ထပ်မင်္ဂလာပွဲကို ရုတ်သိမ်းသွားနိုင်ကြောင်းပါ နယ်စပ်ဒေသကြားမှာ ဗာရာဏသီမင်းသားနှစ်ပါး လုပ်ကြံခံခဲ့ရတာမလို့ ကျွန်ုပ်တို့အရဏ္ဏပူရတိုင်းပြည်နှင့်မောဒိဓတိုင်းပြည်အပေါ် မျက်ချေမပြတ်စောင့်ကြည့်နေပါတယ် သူလျှိုလွှတ်ထားဖို့ အဆင်မပြေကြောင်းပါ..."

Princess SippaWhere stories live. Discover now