Unicode
သူလျှို၏လက်ကောက်ဝတ်တွင် အမာရွတ်တွေ့လိုက်ရသည်မလို့ ထိတ်လန့်သွား၏။ ထိုသူ၏မျက်နှာကတော့ ဖုံးအုပ်ထားမြဲပင်။
"သတိမရသေးပါဘူးမင်းသမီး... ဒဏ်ရာပြင်းသွားတာမလို့ ကုသပေးထားပါတယ်..."
"ကြိုးဖြည်ပေးလိုက် ကျန်တဲ့သူတွေအကုန်အဆောင်တော်ကနေ ခဏထွက်သွားပေးပါ..."
"မင်းသမီး မသင့်လျော်ကြောင်းပါ..."
"ငါကိုယ်တော်စကား အလေးမထားခြင်းလား..."
"သို့ပေမဲ့ သူလျှိုတစ်ဦးနှင့်အတူ မထားခဲ့နိုင်ကြောင်းပါ..."
"တယ် သင်စကားများလာပြီဘဲ မုဏ်း ယခုချက်ချင်းထွက်သွားစမ်း အမိန့်နာမခံချင်တာ ကခေါင်းဖြတ်ခံချင်နေလို့လား..."
"ညီမတော် မုဏ်းပြောတာမမှားဘူးလေ တစ်ဖက်တည်းကမကြည့်ပါနှင့် သူလျှိုက..."
သူလျှိုမျက်နှာဖုံးကွာချဖို့လုပ်နေသည့် အစ်မတော်လက်အား အမြန်ဆွဲလိုက်ရင်း...
"အစ်မတော်..."
မင်းသမီးဒေါသက လက်အောက်ငယ်သားတွေကို ပြာကျစေပါသည်။ တည်ကြည်လေးနက်နေသည့်မျက်ဝန်းတစ်စုံကြောင့် သက်ပြင်းချကာ စစ်သူကြီးနှင့်မုဏ်းကို အပြင်ခေါ်ထုတ်သွားမိသည်။ မင်းသမီးအမြတ်တော်မရှစေဖို့ပေါ့။
လူအကုန်ထွက်သွားမှ သူလျှိုမျက်နှာဖုံးကွာချလိုက်သည်။ ထင်သည့်အတိုင်းပင်ဖြစ်နေသည်မလို့ ဘယ်ဘက်ရွေရင်တော် အောင်သက်သက်နှင့် နာကျင်သွားရသည်။ ဘာကြောင့်လဲဆိုသည့် မေးခွန်းများစွာဖြင့် အတွေးတွေကရိုက်သတ်နေပြီ။ အပြစ်မရှိသည့် ကြင်ယာတော်လောင်းကို အဘယ်ကြောင့်လုပ်ကြံချင်ရတာလဲ။
..........
"တူမတော် သတိထားပါဦး..."
အိမ်တော်အရှေ့လဲကျနေသည်မလို့ အတွင်းထဲခေါ်ကာ ဆေးထည့်ပေးထားသည်။ ဒဏ်ရာအပေါ်ဆေးစည်းပေးထားပေမဲ့ အဘယ်ကြောင့် တူမတော်ကိုအိမ်တော်အရှေ့ချသွားသနည်း။ အဘယ်သူပါလိမ့်။
အဖျားကြီးနေပေမဲ့ ယောင်ယမ်းကာထွက်လာသည့်နာမမှာ သိပ္ပဖြစ်နေသည်။ ပညာရှိအမတ်လောင်းလျာအပေါ် ချစ်ကျွမ်းဝင်နေတာလား တူမတော်။ ပေါင်းစပ်မရသည့်အရာထဲ သိပ္ပအပါအဝင်ဖြစ်သည်။ ဤအရပ်၌ ကြာကြာထား၍မဖြစ်ချေတော့။
YOU ARE READING
Princess Sippa