Ep-15

366 42 5
                                    

Unicode

"အစ်မတော် မင်းကြီးစာချွန်လွှာပို့သကြောင်းပါ..."

စာချွန်လွှာမပို့သည်မှာ ရက်ခြောက်ဆယ်နီးပါးရှိနေပါပြီ။ အဘယ်ကိစ္စများဖြစ်နေပါလိမ့်။

"ညီမတော်ပဝတ္တိ စာချွန်လွှာနှင့်တကွ မြေအောက်ခန်းဆီလိုက်ခဲ့ပါ..."

မင်းသမီးထွက်သွားပြီးမကြာ ဘုရင်မရောက်လာသည်။ တိုက်ပွဲဝင်အဝတ်အဆင်တန်ဆာများဖြင့် ရောက်လာသည်မလို့ ထူးဆန်းနေပေမဲ့ အစ်မတော်နှင့်ထိုသူအား မတွေ့စေလိုပါ။ ရန်သူတော်အပေါ် ခံစားချက်ရှိနေသည့်အစ်မတော်အား စိတ်မယိုင်စေလိုပါ။

"ကုန်သည်တော်ကုမုဒိနီကို မတွေ့ပါလား..."

"ဂါရဝပြုပါတယ်ဘုရင်မ... ကုန်သည်တော်မှာ ကုန်သွယ်ရေးကိစ္စရပ်ကြောင့် မွေးရပ်မြေကိုခေတ္တပြန်သွားကြောင်းပါ..."

"အလို..."

စိတ်မကောင်းခြင်းများစွာဖြင့် နှုတ်ဆက်ထွက်ခွာရပေမဲ့ စာတစ်စောင်ကိုတော့ပေးခဲ့လိုက်သည်။ ထိုစာပါအကြောင်းရာမှာ သိပ္ပဟာဘုရင်မဖြစ်ပြီး ကျောင်းတော်၌ပညာဆည်းပူပုံနှင့် သေဘေးမှလွတ်မြောက်ပြီး နန်းတက်ခဲ့ရပုံ၊ မေ့မြောနေသည့်ကြင်သူအားအမြဲစောင့်ကြည့်ပြီး သတင်းနားစွင့်ခဲ့ပုံနှင့် သူ့အားခွင့်လွှတ်ပေးဖို့ တောင်းပန်ကြောင်းတွေဖြစ်သည်။

"ပေါကုတ္တ ဤစာကိုမီးရှို့ဖျက်ဆီးချေ အစ်မတော်မသိပါစေနှင့်..."

"မှန်လှပါ..."

မျက်စိရှေ့တင်ပြာဖြစ်သွားသော ထိုစာအတွက် လိပ်ပြာမလုံခဲ့ပါ။ သို့သော် ရန်သူတော်အတွက်သနားကြင်နာစိတ်ထားဖို့ရန်မဖြစ်နိုင်ပေ။
ဖတ်၍ပင်မကြည့်ဘဲထိုစာအတွက် အားနာစိတ်ဖြစ်ပေမဲ့ အစ်မတော်အားစိတ်မညွှတ်စေလိုပါ။

"ညီမတော် မြင်းခွာသံတွေကြားလိုက်ရတယ် အဘယ်သူလာတာလဲ..."

"မှန်လှပါ ကုန်ပစ္စည်းလာရောက်ဝယ်ယူကြတဲ့ ကုန်သည်အချို့ပါ..."

စိတ်ထင့်နေသော်လည်း ဆက်ပြီးမမေးမိတော့။ ကုန်သည်တွေဆိုရင် ဝေါယာဉ်များဖြင့်သာ လာကြမည်မဟုတ်လော။

Princess SippaWhere stories live. Discover now