Ep-7

381 47 7
                                    

Unicode

"ခမည်းတော် သားတော်ရက်ပေါင်းခြောက်ဆယ်ကြာ စုံစမ်းသိရှိရသလောက် နန်းတွင်းသူလျှိုတွေကြောင့် ညီတော်တွေလုပ်ကြံခံခဲ့ရတာပါ မောဒိဓမင်းကြီး၏ဇာတာခွင်အရ ညီမတော်ပါဝင်နေသည်မလို့ မင်းသမီးလည်းအန္တရာယ်ရှိနေပါပြီ သားတော်အစီရင်ခံပြီးပါပြီ မောဒိဓတိုင်းပြည်ကို သားတော်တို့လက်အောက်သိမ်းပိုက်နိုင်မှသာ နန်းလုဖို့ကြံနေသည့်အမတ်တွေနှင့်မင်းမှုထမ်းတွေကိုပါ သုတ်သင်နိုင်ပါမည်... ထို့အတွက်ညီမတော်ပဉ္စသိပ္ပကို နန်းတင်ဖို့ရာကာကွယ်နိုင်မည်ဖြစ်ကြောင်းပါ တုန့်ဆိုင်းခြင်းမရှိဘဲ စစ်ကြောရေးအတွက် ညီလာခံမှာအမိန့်တော်ချမှတ်ပေးပါ..."

ဧကရာဇ်မင်းမွေးဖွားလာပြီဆိုကတည်းက တိုင်းပြည်အသီးသီးမငြိမ်သက်တာ ၁၈နှစ်ပင်ရှိပြီ။ ငါကိုယ်တော်၏သားတော်နှစ်ပါးလည်း  ထိုအချင်းရာကြားထဲ မြေစာပင်ဖြစ်ရရှာပြီ။ မျှော်မှန်းထားသည့်အတိုင်း ဧကရာဇ်မင်းအဖြစ် သမီးတော်အားနန်းတင်ပြီးသည်အထိ အဘယ်စိတ်နှင့် တောင့်ခံနေရဦးမှာပါလိမ့်။

ညီလာခံအတွင်းအမတ်မင်းများတစ်စတစ်စ ညည်းနေသံများကြားရ၏။ စစ်ကြောရေးကိစ္စသိသည့်အလာပင်။

"ဗာရာဏသီပြည့်ရှင်မင်းကြီးစကြာသုခ သက်တော်ရာကျော်ရှည်ပါစေ..."

"အမတ်မင်းများ လက်ဝဲလက်ယာစစ်သူကြီး
ရွှေရောင်ကိုယ်ရံတော်တပ်ချုပ်နှင့်လက်အောက်ငယ်သားများ မင်းမှုထမ်းများနှင့်တကွ တိုင်းသူပြည်သာအားလုံး ငါကိုယ်တော်အရိပ်အောက်ဝယ် နေထိုင်ကြရသည်မှာ အဘယ်သို့ရှိသနည်း..."

"မှန်လှပါမင်းကြီးဘုရား ကျွန်ုပ်တို့အဆင်ပြေစွာရှိနေကြောင်းပါ..."

"ငါကိုယ်တော် အမတ်မင်းတို့၏စားနပ်ရိက္ခာအချို့ကို အလှူခံပါ၏... တံစို့ရထားသည်များလည်း မလျှိုပါနှင့် တိုင်းသူပြည်သားတို့အရေး ထမ်းဆောင်နေကြရသည်မလို့ စိတ်တော်တွေသန့်စင်စေလိုတယ်..."

"အမိန့်တော်မြတ်အတိုင်းပါ..."

"ငါကိုယ်တော် မင်းဆရာပညာရှိအမတ်ဂန္ဓသီဟ လက်ယာအမတ်ကြီးဈတ္တကောလနှင့်အတူ တိုင်ပင်ပြီး မောဒိဓတိုင်းပြည်အား သိမ်းပိုက်ဖို့ရာ အမိန့်တော်ချမှတ်မည်..."

Princess SippaWhere stories live. Discover now