Unicode
"ယနေ့ကျောင်းတော်ရဲ့သင်ကြားပို့ချမှုတွေမစခင် ယမန်နေ့ကအပြစ်လုပ်ထားတဲ့ကျောင်းသားတွေ ကိုယ့်အပြစ်ကိုယ်သိ ရှေ့မှောက်ထွက်ခဲ့စမ်း..."
ရဲရဲဝံ့ဝံ့ပါဘဲ ရှေ့ထွက်သွားတဲ့မင်းသမီးကိုလေးစားပါ၏။
"ယမန်နေ့ကတိုင်ကြားချက်ပို့ထားသည့်ပြဿနာ အဘယ်ကစတာလဲ အမောင်သိပ္ပ..."
"ဆင်ခြင်ပေးတာဟာ လုပ်ရဲပြီးခံရဲတဲ့သတ္တိမရှိသူ တာဝန်မယူတတ်တဲ့သူတွေရဲ့လုပ်ရပ်ပါ ပါမောက္ခဒီသာ... 'ဆင်ခြင်ပေးသည့်ပါးစပ်ထမင်းငတ်'ဟုဆိုသည့်အတိုင်း အဘယ်ကိစ္စမှဖြေရှင်းချက်မရှိပါ..."
"ဆိုလိုတာက..."
"အပြစ်ဒဏ်ခံယူပါမယ်..."
အပြစ်ဒဏ်ဆိုတာဘာမှန်းမသိလို့ပါဆို ပဝတ္တိနဲ့စန္ဒကလျာက ပါမောက္ခနဲ့ဘာပြောနေမှန်းမသိရပါ။ မုဏ်းကလည်း အယူခံဝင်ပြီး အပြစ်လျော့အောင်ပြောမလို့ထင် မဖြစ်ချေဘူး။
"ကျွန်ုပ်သိပ္ပ ကချေသည်အရပ်နဲ့ ကစော်ရောင်းသည့်အရပ်ကိုရောက်ခဲ့ကြောင်းပါ ပါမောက္ခဒီသာအပြစ်ဒဏ်ချမှတ်ပေးပါ..."
"ပါမောက္ခဒီသာ သိပ္ပတစ်ယောက်တည်းအပြစ်ကျူးလွန်းခြင်းမဟုတ်ပါ ကျွန်တော်မျိုးမသည်လည်းကြံရာပါကျူးလွန်းမိကြောင်းပါ..."
"အပြစ်ပေးခံချင်သပဆိုတော့ အပြစ်ဒဏ်ကိုကျောင်းတော်၏စည်းကမ်းနဲ့အညီ စီရင်မည် အပြစ်ဒဏ်နာခံကြလော... တားမြစ်ချက် အမှတ်စဉ်၁၅ကိုကျူးလွန်သည့်အတွက် ကြိမ်ဒဏ်၁၅၀စီနှင့်အညစ်ကြေးစွန့်သည့်နေရာအပြင် ကျောင်းတော်၏ရှေ့မျက်နှာစာနေရာတွေပါ နေထွက်အကြိမ်ရေသုံးဆယ်တိတိ သန့်ရှင်းရေးလုပ်ရမည် ပုံ ပါမောက္ခမာသုလ..."
"မုဏ်း မောင်မင်းပြောတော့ကြိမ်ဒဏ်၁၀၀ဆို ၅၀တက်သွားပါရော..."
"အမောင်သိပ္ပ တိုးတိုးလေးပြောနေသည်လား အကုန်ကြားအောင်ပြောနေသည်လား... အမောင်ကအပြစ်ကိုဖြေရှင်းချက်မပေးသည့်အတွက် ကြိမ်ဒဏ်၅၀တိုးရခြင်းဖြစ်၏... မကျေနပ်ခြင်းရှိလျှင်မူ ယခုလျှောက်ထားနိုင်သည်..."
"မကျေနပ်ချက် မရှိကြောင်းပါ အပြစ်ဒဏ်ကိုခံယူပါမယ်..."
"နောက်ထပ်အပြစ်ဒဏ်ပေးခြင်းခံရမဲ့ စန္ဒကလျာနဲ့ပဝတ္တိ ရှေ့တော်ထွက်ခဲ့..."
YOU ARE READING
Princess Sippa