Ep-5

410 46 3
                                    

Unicode

"အရိုအသေမပြုပါနှင့်ဦးရီးတော် သက်သောင့်သက်သာနေပါလေ..."

"တူတော်နှစ်ယောက်အကြောင်း ကြားသိပြီးပါပြီ ထိုကိစ္စရပ်အတွက်အင်မတန်ဝမ်းနည်းမိပါတယ်... အစ်ကိုတော်မင်းကြီးကိုယ်တိုင် တူမတော်ကိုစောင့်ရှောက်ပေးဖို့ရာနှင့် ဤအဆိပ်၌ပါဝင်သည့်အနွယ်ကို စုံစမ်းခိုင်းလိုက်ကြောင်းပါ..."

"အဆိပ်ဖော်စပ်ပုံကို သိရပြီလားဦးရီးတော်..."

"ဆင်တစ်ကောင်ကိုတောင် မျက်တခတ်မျှအချိန်မှာပင် သေစေနိုင်သောအဆိပ်ပါ... တိုက်ပွဲစည်းမျဉ်းအရ တားမြစ်ထားသည်မလို့ အသုံးမပြုကြပါ... မူလဇစ်မြစ်ဖြစ်သည့် ဗာရာဏသီပြည်မှာတောင် သုံးခွင့်မရှိကြောင်းပါ..."

"ဗာရာဏသီပြည်က အစပြုသည့်အဆိပ်က..."

"မှန်လှပါ ထိုကိစ္စရပ်က တိုင်းပြည်အတွင်း ထီးနန်းလုပွဲဖြစ်လာနိုင်သည့်အခြေအနေကြီးပါ တူမတော်..."

"အလို မထင်မှတ်ထားလောက်သည့်ကိစ္စရပ်ကိုမှ ကြားနေရသလော... ငါကိုယ်တော်နားရှိလို့သာကြားရတယ် အာဏာတပ်မက်မှုက တိုင်းသူပြည်သားတွေ၏အကျိုးမဖြစ်ထွန်းပါ ဆုတ်ယုတ်မှုတွေသာပေးစွမ်းနိုင်သည်ကို ဥပေက္ခာပြုနေကြသလော... ထိုကိစ္စရပ်၏ နောက်ကွယ်ကြိုးကိုင်သူကို အသက်ရှင်လျက်ဖမ်းရမည်... စံပြအပြစ်သားအဖြစ် ပြစ်ဒဏ်ချမှတ်နိုင်မှသာလျှင် တိုင်းပြည်ငြိမ်သက်နိုင်မည်..."

တူမတော်သိပ္ပ၏ စိတ်ဓာတ်ပြတ်သားမှုက အစ်ကိုတော်နှင့်တူသည်။ သန္ဓေသားမလွယ်ခင်အချိန်ကပင် ပုဏ္ဏားကြီးလေးဦး၏ ဟောကိန်းတွေကြောင့် တိုင်းပြည်အသီးသီးကစိုးထိတ်နေကြသည်။ သမီးတော်မွေးဖွားလာသည့်အခါ ပျက်ရယ်ပြုကြပြီး မထီမဲ့မြင်ပြုစရာကိစ္စရပ်တွေဖြစ်လာခဲ့သည်။

သို့သော် သက်တော်ခုနစ်နှစ်မှာပင် ပညာသားပါးပါးနှင့် စားတော်ပွဲထဲအဆိပ်ခတ်သည့်အမတ်လေးဦးကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်။ မေတ္တာနှင့်စီရင်သောကြောင့် ထိုအမတ်လေးဦးကိုယ်တိုင်ပင် မင်းသမီး၏ ကျောထောက်နောက်ခံ ဖြစ်လာခဲ့သည်။ သက်တော်ရှစ်နှစ်မှာ သိမ်းငှက်စစ်ဗျူဟာစစ်ဆေးရေးကို အကြံပေးခဲ့သောကြောင့် စစ်ရှုံးရမည့်အခြေအနေကပင် အောင်ပွဲခံနိုင်ခဲ့သည်။ ထိုမျှမက တိုင်းသူပြည်သားတွေ၏အ​ခြေအနေသုံးသပ်ကာ အခွန်တော်တွေကို လယ်ယာမြေအတွက်ပါမက တိုင်းပြည်တိုးတက်ဖို့ရာ ခွဲဝေစီစစ်သုံးစွဲနိုင်ခဲ့သည်။ သက်တော်တစ်ဆယ့်နှစ်နှစ်မှာ သေရည်ရောင်းချသည့်အရပ်၌ ဆုံးမသွန်သင်လမ်းပြပေးနိုင်မှုကြောင့် ဗာရာဏသီပြည်တွင် ကစော်သေရည်ရောင်းချပြီး စီးပွားလုပ်မည့်သူတစ်ဦးမျှမရှိတော့။ များစွာသော ပညာရှိမှု ကြင်နာမှုတွေကြောင့် တိုင်းသူပြည်သားတို့လေးစားချစ်ခင်ကြသည်။

Princess SippaWhere stories live. Discover now