Unicode
"သမီးတော် လမ်းလျှောက်ရတာအဆင်ပြေရဲ့လား နန်းတွင်းသမားတော်တွေကတော့ နောက်တစ်လနေရင် အရှင်းပျောက်ပြီလို့ပြောတယ် စိတ်တော်မကြောင့်ပါနှင့်..."
"မှန်လှပါ ခမည်းတော်ဘုရား... တစ်ယောက်တည်း သီးသန့်နေချင်ကြောင်းပါ အခြွေအရံတွေလျှော့ချပေးပါ ပြီးတော့ညီမတော်နဝမာလိကာပဝတ္တိနှင့်အတူ ဗာရာဏသီပြည်သို့ သူလျှိုအဖြစ်သွားရောက်ချင်ပါတယ်..."
"အလို သမီးတော်... သင်ရူးမိုက်သည့်အလုပ်ကို အဘယ်ကြောင့် စိတ်ဝင်တစားရှိနေရတာပါလိမ့်..."
"ညီနောင်ကလဲ့စားတိုက်ပွဲအတွက် အစ်ကိုတော်အိမ်ရှေ့စံစတေးခံလိုက်ရပါတယ်ခမည်းတော်... ထို့အပြင်မင်းဆရာကိုယ်တိုင် ဧကရာဇ်မင်းလျာထားသည့် ထိုသူလည်းလုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ပါတယ်... ဤလုပ်ကြံမှုက ယခုနန်းတက်ဘုရင်မနှင့် သက်ဆိုင်နေမည်ဟုထင်မိကြောင်းပါ..."
"အဘယ်ကြောင့် အရဲစွန့်ချင်နေတာပါလိမ့် သားတော်တုသိမာလေက အနောက်တိုင်းကိုစစ်လက်နက်ထုတ်လုပ်မှုပညာသင်ကြားဖို့ နန်းတော်မှထွက်ခွာသွားခဲ့တယ် သမီးတော်ကပါ ထပ်ပြီး... အိုကွယ် ခမည်းတော်ဘက်ကို ကြည့်လှည့်ပါဦး..."
"ခမည်းတော်ကိုယ်တိုင် သားရဲအဖြစ်လမ်းကြောင်းပေးခဲ့တာပါ... အစ်ကိုတော် ကြင်ယာတော်နှင့်......."
သက်ပြင်းတစ်ချက်ချကာ လေးပင်နေသောအသံဖြင့်...
"ထိုသူကို အပြစ်မရှိစတေးပစ်တဲ့အတွက် ထိုတိုင်းပြည်ပျက်စီးဆုတ်ယုတ်ခြင်းကိုသာ သမီးတော်လိုလားပါတယ်ခမည်းတော်..."
ထိုသူနှင့်သမီးတော်ကြား အဘယ်ဆက်နွယ်မှုများရှိနေပါလိမ့်။ မျက်ဝန်းကိုလွယ်လင့်တကူ ဖတ်၍မရ။ အဘယ်ဆက်နွယ်မှုကြောင့် ထိုသူအပေါ်အလေးထားသည့်အရိပ် မြင်တွေ့နေရတာပါလဲ။
"ခမည်းတော်ကို စဉ်းစားချိန်ပေးပါဦး..."
"သဘောတော်မြတ်အတိုင်းပါ..."
သမီးတော်နှင့် သေဆုံးသွားတဲ့သူအကြား တစ်စုံတစ်ရာရှိပေလိမ့်မည်။ လုပ်ကြံခံရတာခြင်းအတူတူ သမီးတော်လည်းသေလုမတတ်။ ထိုသူကတော့ သေပွဲဝင်သွားရရှာပြီ။
YOU ARE READING
Princess Sippa