Unicode
ရက်ပေါင်းသုံးဆယ်မျှအချိန်ယူပြီး အနောက်တိုင်းသို့စစ်မချီခင် စနည်းနာဖို့ဘုရင်မကိုယ်တိုင်ရုပ်ဖျက်ကာ လေ့လာနေသည်။ မင်းသမီးကုမုဒိနီလည်း ကြင်ယာတော်ကိုစိတ်မချ၍လိုက်နှံလာလေသည်။
"မုဏ်း ထိုသူစကားတွေကိုလေ့လာမှတ်သားပါ မောဒိဓမင်းကြီးဆဋ္ဌတုသိမာလေဟာ ဤအရပ်၌ကျင်လည်ခဲ့ဖူးတယ် ခဲယမ်းလက်နက်ထုတ်ရာစက်ရုံဟုခေါ်တွင်သည့်နေရာကို စကားပြန်တစ်ဦးနှင့်အတူလေ့လာခဲ့ပါ..."
"မှန်လှပါ..."
ဘုရင်ခံရောဗတ်ဝီလျံ၏ညီတော်မှာ ဟေတန်ဝီလျံဟုသိရသည်။ တော်ဝင်အနွယ်မှမွေးဖွားလာသူတစ်ဦးပေမို့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်၍မရချေ။ ဤတိုင်းပြည်ကိုလက်အောက်ခံကျွန်ပြုဖို့ရာ ဗျူဟာဆင်ရမည်။ ထိုသူတို့နယ်နမိတ်ကိုမကျူးကျော်ဘဲ နယ်စပ်တိုက်ပွဲဝါဒဖြန့်ချီရမည်။
"သိပ္ပ အဘယ်ကြောင့်တွေဝေနေရတာလဲ..."
"ကြင်ယာတော်လောင်းကလည်း ယခုထိသိပ္ပဟုခေါ်ဝေါ်နေတုန်းဘဲလား..."
"ရင်းနှီးမှုရှိတယ်မဟုတ်လော..."
"ကျွန်ုပ်တို့ဤအရပ်၌ကြာကြာနေဖို့မသင့်လျော်ပေ..."
"မှန်လှပါ ကျွန်ုပ်တို့တည်းခိုရာအရပ်သို့ကြွမြန်းသင့်ပါပြီ..."
"ရပ်လိုက်စမ်း..."
ရိုင်းရိုင်းစိုင်းစိုင်းအပြုအမူတွေကို ဤအရပ်၌သာကျင့်သုံးသည်။ ပြည်သူတွေဟာ လူရမ်းကားများနှင့်တူပေသည်။ ပျက်ဆီးယို့ယွင်းမှုတွေ အဆမတန်ကြီးထွားလာပြီး လုယက်မှုများနှင့်ပြည့်နှက်နေသည်။
"အသင်က..."
"ဟား ဟား ဘယ်နှယ့်ပိုးထည်တွေဝတ်ပြီး ဤနေရာကိုလာရဲတယ် ပေးစမ်း ရှိတာအကုန်ထုတ် ဟိုမိန်းမရဲ့လက်ဝတ်တန်ဆာတွေအကုန်ဖြုတ်စမ်း ဟာ ကြာတယ် ကျုပ်ကိုယ်တိုင်ဖြုတ်မယ်..."
"အလို တယ်လောနေပါလား နောင်ကြီးအဘယ်အရပ်ကိုသွားစရာရှိလို့လဲ ကျွန်ုပ်တို့ထွက်မပြေးပါဘူး ပြီးတော့နောင်ကြီးက ကျွန်ုပ်တို့ဘာသာစကားကို တတ်ကျွမ်းတော့ အဘယ်တိုင်းပြည်မှာ နေထိုင်ခဲ့တာလဲ..."
YOU ARE READING
Princess Sippa