Unicode
မောဒိဓတိုင်းပြည်၌ စစ်ချီခရာသံကြောင့်ပြာယာခတ်ကုန်သည်။ တိုက်ပွဲဟာဆယ်ရက်ကျော်မှစတင်မည်ဖြစ်ပေမဲ့ ရန်သူတိုင်းပြည်ဘက်ကစစ်ချီကြောင်းအသိပေးပြီမလို့ နေ့ညမနားစီစဉ်နေကြရသည်။
ညီလာခံအတွင်းငြင်းခုံနေမှုများမှာ စိတ်ရှုပ်စရာပင်ကောင်းလှသည်။ အင်အားကြီးတိုင်းပြည်နောက်ခံရှိသလောက် မထင်မှတ်ထားသည့်စစ်ချီတက်မှုကြောင့် မဟာမိတ်စစ်သည်အင်အားလည်း မစုဝေးနိုင်သေးပေ။
"ငါကိုယ်တော်ခေါင်းတော်ကိုက်နေပြီ အမတ်မင်းတို့တိတ်တိတ်နေကြစမ်း အကြံဉာဏ်ထုတ်ပြီး အဘယ်ကြောင့်စစ်ကြေညာတယ်ဆိုတာစုံစမ်းပြီးပြီလော ရွာငယ်တွေဖျက်ဆီးတိုက်ခိုက်နေရချိန် ငါကိုယ်တော်၏စစ်သည်တွေကျရှုံးနေချိန် တိုင်းသူပြည်သားတွေအားမကာကွယ်နိုင်ချိန် အရိပ်အောက်ဝယ်ဟန်မပျက်နေကြသည့်မင်းတို့ပါးစပ်ပေါက်တွေပိတ်နေကြစမ်း..."
"မှန်လှပါ မင်းကြီးဘုရား ကျွန်တော်မျိုးမပရောဟိတ်ကြီးသတိပြုမိသလောက်တော့ တော်ဝင်လက်ထပ်မင်္ဂလာပွဲကြောင့် များမကြာမီအင်အားကြီးလာမည်ကို စိုးရိမ်စပြုနေဟန်ရှိကြောင်းပါဘုရား..."
"အလို ဘုရင်ခံရောဗတ်ဝီလျံ အသင်ပရောဟိတ်ကြီးအဆိုကို အဘယ်သို့ယူဆသနည်း..."
"စစ်ချီသံကြောင့် တိုင်းသူပြည်သားတွေတုန်လှုပ်နေကြရပါပြီမင်းကြီး ပရောဟိတ်ကြီးလျှောက်ထားသလို အင်အားကြီးတိုင်းပြည်ဖြစ်လာမည်ကို စိုးရိမ်နေတယ်ဆိုရင်တော့ ယခုပင်အကျဉ်းချုပ်မင်္ဂလာအခမ်းအနားကျင်းပဖို့ အကြံပြုလိုကြောင်းပါ..."
သမီးတော်မျက်နှာပျက်သွားသည်။ ငါကိုယ်တော်ဟာ အတ္တကြီးသူတစ်ဦးမဟုတ်။ သားတော်နှစ်ပါးနှင့် တစ်ဦးတည်းသောသမီးတော်လေးတစ်ပါးသာ ဖွားမြင်ပြီး သားသမီးများအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအားလျစ်လျူမပြုခဲ့။ အချစ်တွေမလျော့ခဲ့ပေ။ မင်္ဂလာအခမ်းအနားဆိုတာဟာလည်း ကညာပျိုတစ်ဦးအတွက်တစ်သက်မှာတစ်ခါပင် ကြီးကြီးမားမားပြုလုပ်ရသည်။ သမီးတော်အား မျက်နှာမငယ်စေလိုပါ။ မည်သို့ပင်တိုင်းပြည်ရေးကြောင်း သမီးတော်အားထိမ်းမြားခြင်းပြုလုပ်ပေးရသော်လည်း မင်းသမီးတစ်ပါးဖြစ်သည့်အလျောက် ဂုဏ်မနွမ်းလျစေလို။
YOU ARE READING
Princess Sippa