အခန်း(၁၆၆) ဘဝတစ်ခုလုံးစာပြန်ချစ်ဖို့ လူတစ်ယောက်ကို ချော့မြူချင်တယ်
"ငါ WE ရဲ့အချစ်ကိုရဖို့ ကြိုးစားနေပြီး သတင်းတွေက ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။"
ထျန်ရှုံးက သတင်းထောက်တွေဘက် မျက်နှာလှည့်ပြီး တစ်လုံးချင်းစီ ပြောလိုက်သည်။
"ထျန်ရှုံး... မင်း ဒီကို ရောက်နေတာလား။ မင်း ဘာတွေလုပ်နေတာလဲ။" ဝမ်နျဲ့နျန်က သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ ထျန်ရှုံးကိုကြည့်ပြီး မေးလိုက်သည်။
ဘေးနားတွင်ဝိုင်းအုံရှိနေသည့် သတင်းသမားတွေလည်း အနားသို့ တိုးဝှေ့ရောက်လာကြပြီး ..." WE က ဥက္ကဌကုနဲ့ ဟိုတယ်ခန်း တစ်ခုတည်းမှာ ရှိခဲ့တာလား။ ဓာတ်ပုံအတွက်ဖြေရှင်းချက်တစ်ခုခုများ ရှိပါသလား။ "
"ဥက္ကဌကုနဲ့ ပြန်ပြီး တွဲနေတာလား။ ဥက္ကဌထျန်ကလည်း လိုက်(ပိုးပန်း)နေပြီး ဥက္ကဌကုနဲ့ အတူရှိဖို့ကိုရော အခုထိ ဆန္ဒရှိတုန်းလား။"
"အခု အင်တာနက်ပေါ်မှာ လူတိုင်းက သံသယမျိုးစုံဝင်နေကြတယ်။ WE__ အင်တာနက်ပေါ်ကလူတွေတွေးနေကြတဲ့ ဥက္ကဌကုရဲ့ အောင်မြင်မှုနဲ့ ပိုက်ဆံအတွက် ခင်းများကပါ ပူးပေါင်းပါဝင်နေတယ်'ဆိုတဲ့အပြောကို ဘယ်လိုထင်ပါသလဲ။
ဝမ်နျဲ့နျန်၏မျက်ဝန်းတို့လှုပ်ခါသွားပြီး ထိုမေးခွန်းမေးလာသည့် သတင်းထောက်အား ခေါင်းမော့ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုပြောဖို့ ပါးစပ်ဟန်ပြင်လိုက်ပေမယ့် ထျန်ရှုံး၏တားဆီးခြင်းကို ခံလိုက်ရသည်။
"ကုယျန်ရှန်းနဲ့ ပူးပေါင်းတယ်။? အဲ့လိုရယ်စရာမေးခွန်းမျိုး ဘယ်သူများမေးတာလဲလို့ ငါလည်း ပြန်မေးချင်တယ်။ စီးပွါးရေးဈေးကွက်နဲ့ အောင်မြင်မှုဆိုတာကိုရဖို့ WE ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးဖို့ တန်ရောတန်ရဲ့လားလို့ စဉ်းစားဖူးလား။ " ထျန်ရှုံးက သတင်းထောက်ဘက်လှည့်ပြီး ပြောလိုက်သည်။ သတင်းထောက်သည်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပြီး ပြောစရာစကားပင် ပျောက်သွားခဲ့သည်။ အမှန်တကယ်ပင် WE ၏ ဂုဏ်သတင်းကျော်ဇောခြင်းမှာ ပြည်တွင်းတွင်သာမက ပြည်ပ၌ပါ အမှန်တကယ်မြင့်မားပြီး စန်းတင်ဖို့ရန်မှာ မလိုအပ်ပေ။
YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့