အခန်း(၂၁၀) နျန်နျန် ... ကိုယ်နဲ့အတူ အိမ်ပြန်ရအောင်။
အခန်းတံခါးကို တွန်းဖွင့်ပြီး ကုယျန်ရှန်း အထဲသို့ ဝင်လာတဲ့အခါ ဆေးရုံကုတင်ပေါ်၌ မျက်လုံးမှိတ်၍ အားမရှိဘဲလဲလျောင်းနေသည့် ဝမ်နျဲ့နျန်ကို တွေ့လိုက်ရသည်။
တံခါးဖွင့်သံကြား၍ ဝမ်နျဲ့နျန်လည်း မျက်လုံးပွင့်လာပြီး အခန်းထဲဝင်လာသည့်သူကြောင့် အိပ်နေရာမှ ထရန်ပြင်လိုက်သည်။
ကုယျန်ရှန်းက ဝမ်နျဲ့နျန်ကို ထ'ရန်ကူညီပေးပြီး ရေတစ်ခွက်ထည့်ကာ ဝမ်နျဲ့နျန်လက်ထဲ ထည့်ပေးလိုက်သည်။"နျန်နျန် ... ခြေထောက်က နာနေသေးလား။"
စိုးရိမ်စိတ်ကြီးစွာဖြင့် ဝမ်နျဲ့နျန် နာနေမလားလို့ မေးရန်လည်း မမေ့ပေ။
"အဆင်ပြေပါတယ် ... အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင် ငါ ပြန်ကောင်းသွားမှာပါ။"
ဖျော့တော့နေသော မျက်နှာထားဖြင့် ခေါင်းခါပြရင်း ဝမ်နျဲ့နျန် ပြန်ဖြေလာသည်။
"ဒါပေမယ့် တသက်လုံး အဲ့ဒီအကိုက်အခဲပျောက်ဆေးပဲ သောက်သွားလို့ မရဘူးလေ။ ဆေးကိုပဲ မှီခိုနေလို့ ဘယ်ဖြစ်မလဲ ... ။ မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးလေ။"
"ဆေးကိုပဲ မှီခိုနေလို့ မရဘူး။.... မင်း ဘာကို ဆိုလိုတာလဲ" ဝမ်နျဲ့နျန်က ကုယျန်ရှန်းကို တစ်ချက်မျှ မော့ကြည့်ပြီး ဖန်ခွက်ကို ပိုတင်းအောင် ဆုပ်ကိုင်၍ မေးလိုက်သည်။
"နျန်နျန် ... ခွဲစိတ်မှုလုပ်မယ်လို့ ...ကိုယ့်ကို ကတိပေးပါလား။ ခွဲစိတ်မှုလုပ်လိုက်ရင် ... မင်း ထပ်ပြီး ..."
"........ " ဖန်ခွက်ကျကွဲသံက ကုယျန်ရှန်းရဲ့အသံကို ဖုံးအုပ်ပြီး အခန်းထဲ ပျံ့နှံ့သွားခဲ့သည်။ ဖိတ်စင်လာသော ရေစက်များက ကုယျန်ရှန်းဘောင်းဘီ၏ အစွန်းနေရာတွင် ပေကျံလျက် လူသည်လည်း မှင်သက်၍ မလှုပ်မယှက်ဘဲ ရပ်မြဲရပ်နေမိခဲ့သည်။
"ငါ ... ခွဲစိတ်မှု မခံယူချင်ဘူး။ ခွဲစိတ်ကုတင်ပေါ်မှာ ထပ်ပြီး မအိပ်ချင်ဘူး ..."
ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့၍ တုန်တုန်ရီရီနှင့် ဝမ်နျဲ့နျန် ပြောလာသည်။
![](https://img.wattpad.com/cover/308893065-288-k921212.jpg)
YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့