အခန်း(၁၇၄)မတော်တဆဖြစ်ပေါ်ခဲ့သော ကားတိုက်မှုမှရသည့် ဆိုးဝါးသောအခြေအနေ

3.1K 426 22
                                    

အခန်း(၁၇၄) မတော်တဆဖြစ်ပေါ်ခဲ့သော ကားတိုက်မှုမှရသည့် ဆိုးဝါးသော အခြေအနေ။

ကုယျန်ရှန်းက ခေါ်ဆိုမှုပြီးဆုံးသွားသော ဖုန်းကို တအံ့တဩ ကြည့်နေခဲ့ပြီး သူ့အားသံသယဖြစ်စွာစိုက်ကြည့်နေသည့် ဘေးတွင်ရပ်နေသော ဝမ်နျဲ့နျန်ကို ပြန်၍မော့ကြည့်လိုက်သည်။ ဝမ်နျဲ့နျန်အား သူဘာပြောရမှန်းမသိ .... စကားလုံးများက လည်ချောင်းဝတွင် ပိတ်ဆို့နေခဲ့သည်။

"ကုမ္ပဏီမှာ တစ်ခုခုဖြစ်လို့လား။ " ဝမ်နျဲ့နျန်သည်လည်း ဖုန်းမှတစ်ဆင့် ကြားလိုက်ရသော ကုအဖွဲ့အစည်း၏ အခြေအနေကြောင့် တုန်လှုပ်သွားခဲ့သည်။

"တောင်းပန်ပါတယ် နျဲ့နျန် ..... ငါ ၊ ငါ သွားမှဖြစ်တော့မယ် ထင်တယ်။ ကုမ္ပဏီမှာ ပြဿနာလေးပေါ်လာလို့ ငါ သွားဖြေရှင်းလိုက်မယ် ... ပြီးရင် မင်းဆီ ပြန်လာခဲ့မယ် နော်။ "

ထို့နောက် စတူဒီယိုမှ လေလံပွဲကျင်းပသည့်နေရာသို့ ကားကိုဒုန်းဆိုင်းမောင်း၍ ကုယျန်ရှန်းသွားခဲ့သည်။ သို့ပေမယ့် လမ်း၌ ကားလမ်းပိတ်နေခြင်းကြောင့် အချိန်ကြာနေခဲ့ပြီး မတတ်နိုင်သည့်အဆုံး ဖုန်းကိုထုတ်၍ ရှောင်လီထံသို့ ဆက်သွယ်ခဲ့သည်။

"ရှောင်လီ .... ငါ့ရုံးခန်းထဲက အရန်ကူးထားတဲ့ ပရောဂျက်ဒေတာကို ယူပြီး ယွမ်ဖုန်းဆီ သွားပို့ပေးလိုက်။ အတတ်နိုင်ဆုံး မြန်မြန်နော် "

ကုယျန်ရှန်း လေလံပွဲသို့ ရောက်ရှိချိန်၌ လေးလံပွဲက စတင်နေပြီဖြစ်သည်။ ကုယျန်ရှန်းက ကွန်ပျူတာကို စူးစူးစိုက်စိုက်ကြည့်ပြီး လက်ကလည်း ခလုတ်တစ်ချို့ကို နှိပ်နေသည်။

"ဘယ်လိုလဲ။ ပြန်ပြင်ထားပြီးပြီလား။ "

"တစ်ဖက်က သုံးထားတဲ့ ဗိုင်းရပ်စ်ကို ကျွန်တော် ခြေရာခံလို့ မရဘူး ဖြစ်နေတယ်။ သူ့ရဲ့ နည်းပညာက ကျွန်တော့်ထက် ပိုသာနေတယ်။ ကျွန်တော် ဗိုင်းရပ်စ်ကို မတားဆီးနိုင်ဘူး ..... "

ကုလင်ရဲ့မျက်ဝန်းအရောင်က အနည်းငယ်မှေးမှိန်သွားပြီး သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

"မင်းထက် သာတယ် ..? " ကုယျန်ရှန်း၏အတွေးထဲသို့ လူတစ်ယောက်က ချက်ချင်း တိုးဝင်လာခဲ့သည်။ ထိုသူက ထျန်ရှုံး၏အနောက်၌ အရိပ်ကဲ့သို့ လိုက်နေသူဖြစ်သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now