အခန်း(၁၆၉) မင်း ထပ်ပြီး ကွာရှင်းချင်သေးတာလား။
ကုယျန်ရှန်းက အနောက်သို့ဖြည်းဖြည်းချင်းလှည့်ပြီး အိမ်ပေါ်ထပ်ရှိ ဝမ်နျဲ့နျန်ကို တအံ့တဩနှင့်ကြည့်လိုက်သည်။ တင်းတင်းကြပ်ကြပ်ဆုပ်ထားလျက်ရှိသည့် လက်သီးသည်လည်း ပြေလျော့သွားခဲ့သည်။
ဝမ်နျဲ့နျန်က ကုယျန်ရှန်းကိုလစ်လျူရှုပြီး ထျန်ရှုံးရှိရာသို့သာ တည့်တည့်မတ်မတ်သွားခဲ့ပေမယ့် သူ ကုယျန်ရှန်းအရှေ့မှဖြတ်သွားစဉ် ကုယျန်ရှန်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"ထျန်ရှုံးက ငါ့ကိုအရင် ရန်စတာ ... ငါ တမင်သက်သက် သူ့ကို ထိုးလိုက်တာ မဟုတ်ဘူး။"
"ငါ့ကို လွှတ် "
ခနမျှ တန့်'သွားပြီး ဝမ်နျဲ့နျန်ကို ကုယျန်ရှန်း လမ်းဖယ်ပေးလိုက်သည်။
ထျန်ရှုံးက သူ့နှုတ်ခမ်းထောင့်နားရှိသွေးကိုသုတ်ပြီး လဲကျနေရာမှထကာ အနားသို့လာနေသည့် ဝမ်နျဲ့နျန်ကိုကြည့်၍ ခနဲ့ပြုံး ပြုံးကာ ဝမ်နျဲ့နျန်ရဲ့ နာမည်ကိုခေါ်လိုက်သည်။
"နျဲ့နျန်"
"တောင်းပန်ပါတယ် ထျန်ရှုံး။ မင်း ဘယ်လိုနေလဲ။" ထျန်ရှုံး၏ ဖူးယောင်နေသောမျက်နှာကိုကြည့်ပြီး ပုံမှန်မဖြစ်နေသောအမူအရာဖြင့် ဝမ်နျဲ့နျန် မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ မနာပါဘူး ... မကြာခင်ကောင်းသွားလိမ့်မယ်။" ထျန်ရှုံးက ခေါင်းခါပြရင်း အနောက်ဘက်တွင်ရပ်နေသည့် ကုယျန်ရှန်းကိုကြည့်လိုက်သည်။ ကုယျန်ရှန်းက ထျန်ရှုံးရဲ့အကြည့်တွေကို မြင်ပြီး ထိုအကြည့်ကမည်သည်ဆိုတာ ပုံဖော်ပြီးသည်နှင့် ချက်ချင်းပဲ ရှေ့တိုးလာခဲ့သည်။
"ထျန်ရှုံး .... မင်း တမင်သက်သက်ကို လုပ်နေတာ"
"တော်တော့ ကု ယျန်ရှန်း။ မင်း ဘာလုပ်အုံးမလို့လဲ။ " စိတ်ဆိုးမာန်ဆိုးနှင့် ဝမ်နျဲ့နျန် ကုယျန်ရှန်းကို တွန်းထုတ်လိုက်သည်။
"ငါ ......."
"မင်း လုံးဝမပြောင်းလဲခဲ့ဘူး။ ငါကတော့ မင်း ပြောင်းလဲသွားပြီ' ဆိုပြီး ယုံကြည်မိတော့မလို့။"
![](https://img.wattpad.com/cover/308893065-288-k921212.jpg)
VOCÊ ESTÁ LENDO
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့