အခန်း(၂၀၈) နျန်နျန် ... အထိမခံနိုင်တဲ့နေရာက မင်းရဲ့နားရွက်လား။
"တကယ်လား ... တကယ်ပဲလား နျန်နျန် "
ကုယျန်ရှန်းက ဝမ်နျဲ့နျန်ကို သူ့လက်အတွင်း ပွေ့ဖက်ထားပြီး ခံစားချက်မျိုးစုံတို့ လှိုက်မောရင်းပင် မယုံကြည်နိုင်ဘဲရှိနေသည့် အကြည့်များဖြင့် ပြန်၍ မေးခဲ့သည်။ သူ့လက်အတွင်း ဝမ်နျဲ့နျန်ကို ဖက်ထားသည်မှ ပြန်လွှတ်ပေးချိန်မှာလည်း ကြာမြင့်ခဲ့သည်။
"ငါ ... မင်း ပြန်လာတဲ့အချိန်ကတည်းက ငါ မင်းကို မမုန်းတော့ဘူး။ " ကုယျန်ရှန်း၏ မျက်ဝန်းနီနီများကိုကြည့်၍ ဝမ်နျဲ့နျန် ပြန်ဖြေ၏။
"ဒီအတိုင်း ငါ့စိတ်ထဲက အနှောင်အထုံးတွေကို မဖြေဖျောက်နိုင်သေးတာပဲ။ ငါ မင်းနဲ့ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ မသိဘူး။"
' ဘယ်အချိန်ကတည်းက သူက ကုယျန်ရှန်းအပေါ်ထားတဲ့ အမုန်းတရားတွေကို ရပ်ပစ်ခဲ့တာများလဲ။'
'သူ့ကို အကြိမ်များစွာ ရှေ့ကနေ ကာကွယ်ပေးခဲ့သူက ကုယျန်ရှန်းမှန်း သိလိုက်ရတဲ့အချိန်ကလား။ ကုမိသားစုပါ ပျက်စီးသွားနိုင်ပေမယ့် တွန့်ဆုတ်မနေဘဲ ပြဿနာထဲ ပါခဲ့တာကြောင့်လား။ သူ့ကို ဘယ်တော့မှနာကျင်အောင် ထပ်မလုပ်မိဖို့ တစ်ယောက်တည်း ပျောက်ကွယ်သွားဝံ့တာကြောင့်လား၊ သူ့အတွက်ဆေးကို ရဖို့ အစာအိမ်သွေးယိုတဲ့အထိ အရက်သောက်ခဲ့တာကြောင့်လား။ သူသဘောအကျဆုံးဖြစ်တဲ့ ဂီတစားသောက်ဆိုင်ကို ဆောက်ပေးခဲ့တာကြောင့်လား။ ...နာကျင်မှုတွေခံယူပြီး သူ့အမေရဲ့ နှစ်ခုမရှိတဲ့ အမှတ်တရဗီဒီယိုကို ပြန်ပြင်ပြီး ကြည့်ခွင့်ရအောင် လုပ်ပေးခဲ့တာကြောင့်လား။ ဒါမှမဟုတ် ကုယျန်ရှန်းရဲ့ ကြင်နာမှုနဲ့ ဒီအတောအတွင်း သူလုပ်ပေးခဲ့တဲ့ အရာတွေကြောင့်လား။ အဲ့ဒါတွေက သူ့ရင်ထဲက အမုန်းတွေကို နည်းနည်းချင်းစီများ ပြေပျောက်စေခဲ့သည်လား။ '
ကုယျန်ရှန်းက ခေါင်းငုံ့ကာနေသည့် ဝမ်နျဲ့နျန်ကို မေးဖျားမှအသာအယာမော့စေ၍ နူးညံ့ကြင်နာစွာ ပြော၏။
"ငါ့ကို လက်ခံပေးဖို့ မင်း ကြိုးစားရတာမျိုး ငါမလိုချင်ပါဘူး။ ငါ့နဲ့အတူရှိတဲ့အခါ စိတ်ရှုပ်ရလို့ မသက်မသာခံစားရတာမျိုးလည်း မလိုချင်ဘူး။ ... နျန်နျန် မင်းက ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ ငါ မင်းကို ချစ်တယ်"
BẠN ĐANG ĐỌC
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Lãng mạnသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့