အခန်း(၂၀၀)ငါ မင်းကို မမုန်းပါဘူး...မငိုနဲ့တော့

3.7K 475 34
                                    

အခန်း(၂၀၀) ငါ မင်းကို မမုန်းပါဘူး ... မငိုနဲ့တော့

ရုတ်တရက်ဆန်စွာပင် ဝမ်နျဲ့နျန်က သူ့ရဲ့ဖျော်ဖြေပွဲနှင့် တခြားသော အစီအစဉ်အားလုံး ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူ့ကိုယ်သူ အိမ်ထဲ၌သာ ပိတ်လှောင်ပြီး ဘယ်သူ့ကိုမှ အတွေ့မခံတော့ပေ။

အဖေဝမ်က တစ်နေ့ထက်တစ်နေ့ ပို၍ဆိုးဝါးလာသော ဝမ်နျဲ့နျန်၏ စိတ်အခြေအနေကိုကြည့်ပြီး တိုးများလာသော စိုးရိမ်စိတ်တို့ဖြင့် ဒေါက်တာလီကို ဖုန်းဆက်ခေါ်ရတော့သည်။

ဒေါက်တာလီက ရေခွက်နှင့် ဆေးကိုယူကာ စန္ဒရားခန်း၏တံခါးကို ဖွင့်၍ အထဲသို့ ဝင်သွားခဲ့သည်။ အခန်းထဲ၌ စန္ဒရားကိုမှီကာ ကြမ်းပြင်တွင် ထိုင်နေသော ဝမ်နျဲ့နျန်ကို တွေ့ရသည်။

'ဝမ်နျဲ့နျန် နေမကောင်း ထပ်ဖြစ်ပြန်သည်။...'

"နျဲ့နျန် ... ဆရာက ဒေါက်တာလီပါ ... မင်းကို တွေ့ဖို့အတွက် လာခဲ့တာ " ဒေါက်တာလီက နူးညံ့သော လေသံဖြင့် ဦးစွာမိတ်ဆက်လိုက်သည်။

ထိုရင်းနှီးသော အသံကို ဝမ်နျဲ့နျန်ကြားပြီးနောက် သူ့ရဲ့ ခန္ဓာကိုယ်ရှိ တင်းမာမှုတို့ ပြေပျော့ခဲ့ပြီး ခံစားချက်မဲ့နေသော ဗလာမျက်ဝန်းတို့ဖြင့် ဒေါက်တာလီကို မော့ကြည့်ခဲ့သည်။

"နျဲ့နျန် ... အခု အဖေက မင်းကို အရမ်း စိတ်ပူနေတယ်။ မင်း ယုံကြည်ရတဲ့ သူတွေရဲ့ လိမ်ညာခြင်းကို ခံရလို့ အရမ်းဝမ်းနည်းနေတာ ဆရာသိတယ် ဒါပေမယ့် သူတို့က မင်းကို ချစ်တဲ့စိတ်နဲ့ မင်းအတွက် လိမ်ခဲ့တာ ပါ။ အချိန်တန်ရင် အားလုံးက ပြီးသွားမှာမို့ အများကြီး မတွေးပါနဲ့ နော်... " ဒေါက်တာလီက သူ့စကားတွေကို ဆက်ပြောခဲ့သည်။

လည်ဆွဲကို လက်တစ်ဖက်၌ ဆုပ်ကိုင်ထားရင်း ဝမ်နျဲ့နျန်က ဒေါက်တာလီကို မော့ကြည့်လိုက်သည်။

"သူက ကျွန်တော့်အတွက် သိပ်လှတဲ့ ပုံပြင်လေးတစ်ပုဒ် ဖန်တီးပေးသွားတယ်။ သူက ကျွန်တော့်အနားမှာ ရှိတဲ့သူတိုင်း ကျွန်တော့်ကို လိမ်ထားရအောင် လုပ်ခဲ့တယ်... ကျွန်တော်ကိုတော့ သူဖန်တီးပေးခဲ့တဲ့ ပုံပြင်ထဲမှာ နေစေပြီး သူက ထွက်သွားခဲ့တယ် ...."

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"حيث تعيش القصص. اكتشف الآن