အခန်း(၁၅၉) အရူး .... ငါက မင်းကို နာကျင်စေတဲ့သူ
ကုယျန်ရှန်းက ဝမ်နျဲ့နျန် Grade 6 ၊ အခန်း ၂ ဟုရေးထားသော ဒိုင်ယာရီစာအုပ်ကိုကြည့်နေရင်း ထိုစာအုပ်အဖုံးပေါ်မှ GYS နှင့် WNN ဆိုသည့် စာလုံးတွေကို တွေ့ပြီး တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
"GYSWNN ... ဒီစားလုံးတွေဖော်ညွှန်းတာက ကုယျန်ရှန်းနဲ့ ဝမ်နျဲ့နျန် ဟူ၍"
လက်ထဲမှာရှိတဲ့ ထိုစာအုပ်က သူ့ကိုဖွင့်ဖတ်ကြည့်ဖို့ ကုယျန်ရှန်းကို ဆွဲဆောင်နေခဲ့ပြီး သို့ပေမယ့် စာအုပ်က လော့ခတ်ထားတာကြောင့် လျှို့ဝှက်နံပါတ်သိမှသာ ဖွင့်လို့ရနိုင်မည်။
ကုယျန်ရှန်းက နံပါတ်တော်တော်များများကိုသုံးပြီး ကြိုးစားဖွင့်ခဲ့ပေမယ့် ဝမ်နျဲ့နျန်ရဲ့မွေးနေ့ ၊ ဝမ်နျဲ့နျန်အမေရဲ့ မွေးနေ့တောင်မဟုတ်ဘဲ မှားယွင်းနေခဲ့သည်။ ကုယျန်ရှန်းက သူ့လက်ထဲက ကုတ်အင်္ကျီအဖြူကိုငုံ့ကြည့်ပြီး တစ်ဖန် ဒိုင်ယာရီစာအုပ်ကို ပြန်ကြည့်လိုက်သည်။ ရှုပ်ထွေးမှုများလည်း သူ့မျက်ဝန်းအိမ်ထဲ ကပ်တွယ်လို့လာခဲ့သည်။
'သူ နံပါတ်တစ်ခုကို နှိပ်ကြည့်လိုက်ပြီးနောက် ..... တကယ်ပဲ ဒိုင်ယာရီစာအုပ်ရဲ့လော့က ပြေသွားခဲ့သည်။'
"ဒါက .... ဒီလျှို့ဝှက်နံပါတ်က ...... "
လျှို့ဝှက်နံပါတ်က ကုယျန်ရှန်းရဲ့ မွေးနေ့ ဖြစ်နေခဲ့သည်။.....
အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စာအုပ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ပထမဦးဆုံး သူတွေ့လိုက်ရသည့် ဒိုင်ယာရီစာအုပ်ရြဲ နေ့စွဲက M9 နှစ်မှ စတင်ခဲ့ပြီး ထိုအချိန်တုန်းက ဝမ်နျဲ့နျန်ရဲ့အသက်ပင် ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ် သာ ရှိသေးသည်။
ပထမဦးဆုံး စာပိုဒ်က အမေဝမ်အကြောင်းကို ရေးထားပြီး ထိုမှ ဒုတိယနှင့် တတိယစာပိုဒ်များကို တွေ့ပြီးနောက်မှာ စာအုပ်ကိုကိုင်ထားတဲ့ ကုယျန်ရှန်း၏လက်တို့ တောင့်တင်းသွားခဲ့သည်။ သူ့မျက်ဝန်းများတွင်ပင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေခဲ့သည်။

ESTÁS LEYENDO
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့