အခန်း(၁၇၆) ငါ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မှာလဲ။
ကြမ်းပြင်ပေါ်သို့ ဝမ်နျဲ့နျန်ပြုတ်ကျသွားပြီးနောက် ဗိုက်ကနာကျင်မှုဒဏ်ကြောင့် ဘေးရှိစားပွဲပုပေါ်မှ ဖုန်းကိုပင် လှမ်းမယူနိုင်ဘဲ ကိုယ်ကိုကွေး၍သာ နေနေခဲ့ရသည်။
"အား .... ဗိုက်က အရမ်းနာတယ် "
ဝမ်နျဲ့နျန် အိမ်ရှေ့ရောက်သည်နှင့် ကုယျန်ရှန်းက ကားတံခါးဖွင့်ပြီး အိမ်ရှေ့တံခါးရှိရာသို့ တဟုန်ထိုးပြေးသွားခဲ့သည်။
"နျန်နျန် .... နျန်နျန် ....!" ကုယျန်ရှန်းက တံခါးကို လက်ဖြင့်ထုရိုက်ပြီး စိုးရိမ်ကြီးစွာနှင့် အော်ခေါ်နေခဲံသည်။
သို့ပေမယ့် လော့ချထားတဲ့ တံခါးက သူဘယ်လိုဖွင့်ဖွင့် ပွင့်မလာဘဲ ရှိခဲ့သည်။ ကုယျန်ရှန်းက ကွန်ပျူတာတွင် ပေါ်နေသော ကြမ်းပြင်ပေါ်လဲကျနေသည့် ဝမ်နျဲ့နျန်ကိုကြည့်ပြီး တစ်ဖက်သူထံမှ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတာကြောင့် ပို၍ ပျာယာခတ်သွားခဲ့သည်။ သူက ပို၍အားစိုက်ပြီး ခန္ဓာကိုယ်ဖြင့် တံခါးကို တွန်းဖွင့်နေခဲ့သည်။ သို့ပေမယ့် သူဘယ်လောက်အားစိုက်စိုက် တံခါးက ပွင့်မလာခဲ့ပေ။
"သေ စမ်း ကွာ !"
ကုယျန်ရှန်းက နောက်သို့ ဆုတ်လိုက်ပြီး တံခါးကို ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ ခနအကြာ၌ သူ့ရဲ့ကန်ချက်ဖြင့်ပင် တံခါးပွင့်သွားပြီး ကုယျန်ရှန်းလည်း အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ သူ အိမ်ပေါ်ထပ်သို့ မြန်မြန်တက်ပြီး ဝမ်နျဲ့နျန်၏အခန်းရှိရာသို့ ဦးတည် သွားခဲ့သည်။ အခန်းတံခါးကို ဖွင့်ပြီးနောက် ဝမ်းဗိုက်ကိုဖိထားပြီး ချွေးများလည်း ရွှဲနေသည့် ဝမ်နျဲ့နျန်ကို ကြမ်းပြင်ပေါ် လဲလျက် တွေ့လိုက်ရသည်။
"နျန်နျန် ! မင်း ဘာဖြစ်တာလဲ .... နျန်နျန် ။ ဘယ်က နာနေတာလဲ ။ အစာအိမ်နာတာလား။ " ကုယျန်ရှန်းက ဝမ်နျဲ့နျန်ကို ချက်ချင်းမထူပြီး ဆေးရုံခေါ်သွားဖို့အတွက် ပွေ့ချီရန်ပြင်လိုက်သည်။ သို့ပေမယ့် ဝမ်နျဲ့နျန်၏ တွန်းထုတ်ခြင်းကိုသာ ခံလိုက်ရသည်။
KAMU SEDANG MEMBACA
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romansaသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့