အခန်း(၁၉၁) ဒူးထောက်ပြီး ... လက်စွပ်ကို ကောက်လိုက် !!
ဖုန်းထဲရှိ ကုယျန်ရှန်းနှင့် ချန်းလုံအန်းတို့၏ လက်ထပ်ပွဲအကြောင်းသတင်းကို တွေ့ပြီး ဝမ်နျဲ့နျန်၏စိတ်က ဗလာကျင်းသွားခဲ့သည်။ သူ့နှလုံးသားက ဓားဖြင့် အမွှန်းခံနေရသည့်အတိုင်း ခံစားချက်တို့ ကင်းမဲ့သွားခဲ့သည်။
'သူတို့က လက်ထပ်တော့မယ် ... ကုယျန်ရှန်းနဲ့ ချန်းလုံအန်းက လက်ထပ်တော့မယ် ....'
ဝမ်နျဲ့နျန်က ပြုတ်ကျပြီးကွဲသွားတဲ့ ဖုန်းကို ပြန်ကောက်ဖို့ ထလိုက်ပေမယ့် သူ့မျက်ဝန်းထဲ ဘာမှမမြင်နိုင်ဘဲ ရှေ့သို့ လဲကျသွားခဲ့ကာ ခြေထောက်က စားပွဲနှင့် ဆောင့်မိသွားခဲ့သည်။
နာကျင်မှုဖြင့် လေကိုရှူရှိုက်မိရင်း...
"နျဲ့နျန် ..!" ထျန်ရှုံးက ဝမ်နျဲ့နျန်ကို ကူညီဖို့ အနားသို့ ပြေးလာခဲ့သည်။
"ငါ အဆင်ပြေတယ်။ မနေ့ညက ကောင်းကောင်းအိပ်မပျော်လို့ မူးသွားတာ။ ထျန်ရှုံး အပြင်က ဧည့်သည်တွေကို သွားတွေ့လိုက်လေ" ဝမ်နျဲ့နျန်က ဖြူဖျော့နေသော မျက်နှာဖြင့် ထျန်ရှုံးရဲ့လက်ကို တွန်းဖယ်ပြီး ပြုံးရုံလေးပြုံးကာ ပြောလိုက်သည်။
"နျဲ့နျန် ... မင်း အဆင်ပြေတာ သေချာရဲ့လား။ ငါ မင်းနဲ့ ရှိနေပေးမယ် လေ ..." ထိတ်လန့်မှုကြောင့် မေ့လဲသွားမှာကို ထျန်ရှုံး အရမ်းပင် စိုးရိမ်နေခဲ့သည်။
ဝမ်နျဲ့နျန်က ခေါင်းကိုခါပြပြီး ပြန်ဖြေသည်။ "ခနလောက်လှဲနေလိုက်ရင် ငါ အဆင်ပြေသွားမှာပါ။ "
ထျန်ရှုံးအခန်းအပြင်ဘက် မထွက်သွားခင်မှာ ဝမ်နျဲ့နျန်ရဲ့ ဖုန်းကို အရင် ကောက်ယူခဲ့သည်။ ကွဲအက်နေတဲ့ ဖုန်းကိုကြည့်ပြီး သူ့မျက်ဝန်းတွေက မသိသာစွာ ညှိုးငယ်နေခဲ့သည်။
"ငါ မင်းဖုန်းကို ပြင်ဖို့ ယူသွားမယ်။ ပြီးမှ ပြန်ပေးမယ်။ အခု မင်း အနားယူပြီး စန္ဒရားတီးကျင့်နေ။ နောက်အပတ် ဖျော်ဖြေပွဲ ရှိတယ်မလား။"
"အင်း ....."
ထျန်ရှုံး အပြင်ထွက်သွားပြီး အခန်းတံခါးလည်း ပြန်ပိတ်သွားပြီး နောက်မှာ ဝမ်နျဲ့နျန်မျက်နှာပေါ်မှာရှိတဲ့ အပြုံးက အလိုအလျောက်ပျောက်ကွယ်သွားခဲ့သည်။ လက်အိတ်ဝတ်ထားသော လက်များဖြင့် မျက်လုံးကို အုပ်ထားခဲ့ပြီး တုံ့ပြန်ခြင်းမရှိ ဆိုဖာပေါ်၌ အချိန်အကြာကြီး လဲနေခဲ့သည်။

أنت تقرأ
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
عاطفيةသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့