အခန်း(၁၆၄) ညသန်းခေါင်ယံ၌ အခန်းထဲသို့ ခိုးဝင်ခဲ့ပြီး လူမိသွားတယ်။
မနက်အစောပိုင်းဟုဆိုသော်လည်း အချိန်က ညဉ့်နက်ပိုင်းပင်။
အခန်းထဲရှိ ကြီးမားသောအိပ်ရာထက်၌ ဝမ်နျဲ့နျန်က ကိုယ်ကိုကွေးလျက် အိပ်မောကျနေချိန် အခန်းတံခါး၏လက်ကိုင်ဘုက တစ်ဖက်သို့လှည့်သွားပြီး တံခါးမှမြည်သံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ကုယျန်ရှန်းက အခန်းသော့ဖြင့် တံခါးကို အသာအယာဖွင့်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။ သူ့ရဲ့ ခြေချသံက သိပ်ကိုမှ နူးညံ့ညင်သာပေသည်။
အိပ်ရာပေါ်ရှိ ဝမ်နျဲ့နျန်က တစ်စုံတစ်ခုကို အိမ်မက်မက်နေသည့်အတိုင်း ရုတ်တရက် တစ်ဖက်သို့လှည့်လာသည်။ ကုယျန်ရှန်းရဲ့ ခြေလှမ်းတွေလည်း တောင့်တင်းရပ်တန့်သွားပြီး သူက တံခါးဝ၌ပင် အချိန်အကြာကြီး ရပ်နေခဲ့ကာ အိပ်ရာပေါ်ရှိ လူထံမှ တုံ့ပြန်မှုမရှိတော့တာကို မြင်မှ စိတ်ချလက်ချ ဖြစ်သွားခဲ့သည်။
ကုယျန်ရှန်းက အိပ်ရာဘေးသို့ သတိကြီးကြီးဖြင့် လျှောက်လာခဲ့ပြီး အိပ်ရာပေါ်ရှိ အကာအကွယ်မဲ့နေသည့်ပုံစံဖြင့် ကိုယ်ကိုယ်ကွေးကာ အိပ်နေသည့် ဝမ်နျဲ့နျန်ကို မြင်တော့ သူ့အကြည့်တွေက ရှုပ်ထွေးသွားခဲ့သည်။
ဝမ်နျဲ့နျန်က လက်တစ်ဖက်ကိုစောင်အပြင်ထုတ်ပြီး ခေါင်းအုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ရှည်လျားပြီး ထူထဲသောမျက်တောင်များက အနည်းငယ်တုန်ရီနေကာ ဆံနွယ်ပျော့ပျော့များက ခွေလိမ်ကာ ရှိနေသည်။ သူက ယဉ်ကျေးစွာပြုမူနေထိုင်တတ်ပြီး တိတ်ဆိတ်သော လူတစ်ယောက်လည်းဖြစ်ရာ ကုယျန်ရှန်းမှာတော့ ထိုကဲ့သို့သောလူထံမှ စည်းခြားခြင်းကို ခံထားရသည်။
နည်းနည်းပင် ရူးချင်သလိုဖြစ်သွားသည့် ကုယျန်ရှန်း၏ မျက်ဝန်းများ၌ နာကျည်းမှုများ ပြည့်နေပြီး သူက အသက်ကိုပြင်းပြင်းရှူလိုက်သည်။
"မင်း နိုးလာတဲ့အချိန်ကျရင်လည်း အခုလိုမျိုး ငါ့အပေါ် ခါးခါးသီးသီးနဲ့ မတုံ့ပြန်ရင် ကောင်းမှာပဲ။ "

YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့