အပိုင်း 63 ချူးယွန်နားလည်ရဲ့လား

702 65 0
                                    

အပိုင်း 63 ချူးယွန်နားလည်ရဲ့လား

ချူးယွန် ‌တစ်ယောက်ထဲ တီးတိုးပြောနေမိသလို တိမ်တွေကိုမှောက်လှန်မယ့်လက်အကြောင်းကို ပိုပြီး နားလည်လာတော့သည်။ဒါက သိုင်းပညာရပ်တစ်ခုလုံးကို သူ့အရှေ့မှာချထားပြီး တစ်ခုချင်း ခွဲခြမ်းပေးနေသလိုပင်...

သူ့ခန္ဓာကိုယ်ကနေ တောက်ပတဲ့အလင်းရောင်တွေက တစ်ချက် တစ်ချက် ထွက်ပေါ်လာပြန်သည်။ဒါက ချက်ချင်းကြီး ညဏ်အလင်းပွင့်သွားတာလို့ ပြောလို့ရတယ်။

(တိမ်တွေဖုံးကွယ်နေတာကို ဖယ်ရှားပြီး နေမင်းကြီးထွက်ပေါ်လာတာကို ရှုမြင်ရပါစေ)

နောက်ဆုံးတော့ သူနားလည်သွားခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာ သူ အရာအားလုံးကို နားလည်သဘောပေါက်သွားတာပါ။

မီးခိုးရောင်ဝတ်အကြီးအကဲရဲ့ မျက်လုံးတွေကလဲ စိတ်လှုပ်ရှားမှုကြောင့် တစ်လတ်လတ်တောက်‌ပနေလို့ပါ။ချူးယွန်အနေနဲ့ သာမန်လူတွေ ဘယ်လိုမှ စဉ်းစားနိုင်မှာ မဟုတ်တဲ့ စကားလုံတွေ‌ကို ပြောသွားခဲ့တာပါ။

နောက်ပြီး တစ်လုံးထဲပဲ။
အင်အားစု...
သူ့ရဲ့ကျင့်ကြံခြင်း က အင်အားစုခြင်းကနေ နားလည်ခဲ့တာပါ။

အသေအချာ စဉ်းစားနေပြီးမှ သူပိုပိုပြီး နားလည်သဘောပေါက်လာခဲ့လေသည်။
သူ သေချာ တွေးမိလေလေ ပိုပိုပြီး အံ့အားသင့်လာမိလေပါ။

"ဟားဟားဟား.... ကောင်းလိုက်တဲ့စကားလုံး၊ တိမ်တွေကိုမှောက်လှန်မယ့်လက်ရဲ့ လိုအပ်နေတဲ့အဓိကစွမ်းအား၊ ငါယုခိုင်ယ‌ွမ်ရဲ့ ဘဝတစ်လျှောက်လုံး နားမလည်ဖြစ်နေခဲ့တဲ့အရာ အခုတော့ ရှင်းလင်းသွားခ‌ဲ့ပြီ"

မီးခိုးရောင်ဝတ်အကြီးအကဲအနေနဲ့ စိတ်လှုပ်ရှားလွန်းတာကြောင့် အားရပါးရရယ်မောနေပြီး မျက်ရည်တွေစီးကျလာတာတောင်မှ သတိမထားမိခဲ့ပေ။

ချူးယွန်က သူ့နေရာမှာထိုင်နေဆဲဖြစ်ပေမယ့် သူ့မျက်နှာပေါ်ရှိအပြုံးက ပိုမိုပီပြင်လာခဲ့သည်။သူလိုနေတဲ့လှုံဆော်မှုလေးတစ်ခုနဲ့ ပျောက်ဆုံးနေတဲ့အဖြေကိုရသွားခဲ့ပါပြီ။

"အင်အားစု... ဟုပ်တယ်က‌ွ၊ ဒါပဲ ... အင်အားစု"
ချူးယွန် တီးတိုးပြောလိုက်ပြီးနောက် လက်သ‌‌ီးဆုတ်ကာ အားပါးတရ ရယ်မောလိုက်သည်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now