အပိုင်း_166_ကိုယ့်ကိုယ့်ကိုယ်ပြန်တိုက်ခိုက်ရခြင်း

508 49 0
                                    

အပိုင်း_166_ကိုယ့်ကိုယ့်ကိုယ်ပြန်တိုက်ခိုက်ရခြင်း

ဒီအချိန်မှာပဲ ချူးယွန်က များပြားတဲ့အရာတွေကိုစဉ်းစားနေလို့ပါ...

ကမ္ဘာပေါ်မှာ လူပေါင်းများစွာက အသက်ရှင်နေထိုင်ကြတဲ့အချိန်တွေမှာ သတ်ဖြတ်မှုတွေကိုပဲ ဘာကြောင့်ပြုလုပ်နေကြတာလဲ?
ဒါကတော့ သူတို့ရဲ့နှလုံးသားထဲမှာ သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒတွေက လုံးဝကိုကြီးစိုးထားလို့လေ...

ပျော်ရွှင်မှုအတွက် လူပေါင်းများစွာကို သတ်ဖြတ်ကြတယ်။ဒီလိုနဲ့ လောကကြီးတစ်ခုလုံးရဲ့ဘုံရန်သူဖြစ်ဖို့အတွက် မျှော်လင့်မိကြတယ်လေ...

သူတို့က လူတွေဆိုပေမယ့် လူသားတစ်ယောက်လို့မခေါ်ထိုက်တော့ပါဘူး။ သူတို့က 'မွန်းစတား' ဆိုတဲ့စကားလုံးနဲ့ ပိုသင့်တော်ကြလိမ့်မယ်။

သူလည်း အစောပိုင်းတုန်းက မွန်းစတားဖြစ်သွားတော့မလို့လေ... အေးစိမ့်ခြင်ဆီဝိညာဉ်ငြိမ်သက်ခြင်းမြက်ကယ်ပေလို့ပေါ့...

ရိရွှမ်ရဲ့ပြောစကားအရ နဂါးဂိတ်တံခါးက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုလေ့ကျင့်နိုင်သလို စိတ်ကိုလဲသန့်စင်နိုင်ပါတယ်။ဒီမှာမှ စမ်းသပ်မှု သုံးခုရှိနေတယ်လေ...

ဒီလို အဆက်မပြတ်သတ်ဖြတ်ရတာက စမ်းသပ်မှုများဖြစ်နေမလား?
ပထမအဆင့်ပေါ့?

ပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်တော့ နတ်ဆိုးတွေအမြားအပြားရှိနေကြသေးပြီး အရေအတွက်ကလည်း လျော့ကျသွားပုံမရပါဘူး...

ခုနှစ်ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့နတ်ဆိုးသားရဲတွေကို သူသတ်ဖြတ်ခဲ့တယ်လေ၊ သူတို့ရဲ့အရေအတွက်က ကျဆင်းမသွားဘူးတဲ့လား? ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုတော့ ဟုတ်ပုံမရဘူ...

စိတ်ကူးတစ်ခုက သူ့ခေါင်းထဲကို အမြန်ရောက်လာခဲ့ပါပြီ။

ဒီသားရဲတွေအကုန်လုံးက ပုံရိပ်ယောင်တွေပဲဖြစ်ရမယ်။ ဒီလိုပုံရိပ်ယောင်တွေက လူတစ်ယောက်ရဲ့စိတ်အ‌ခြေအ‌နေကိုလေ့ကျင့်ပေးဖို့ပဲပေါ့။

ပြောရမယ်ဆိုရင်တော့ ဒီသတ်ဖြတ်မှုတွေက နှလုံးသားထဲက အတွင်းမိစ္ဆာကြောင့်ပဲ... ပြောရရင်သူကိုယ်တိုင်တောင်မှ အတွင်းမိစ္ဆာရဲ့လွှမ်းမိုးမှုကို ခံရလုနီးပါးဖြစ်ခဲ့ရတယ်လေ၊ ဒါပေမယ့် သူဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒီတော့ ဒါက အောင်မြင်သွားပြီလို့ ပြောလို့ရတယ်မဟုတ်လား?

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Nơi câu chuyện tồn tại. Hãy khám phá bây giờ