အပိုင်း 55 မင်း ဘယ်လောက်လှုပ်ရှားနိုင်မှာလဲ?

604 68 0
                                    

အပိုင်း 55 မင်း ဘယ်လောက်လှုပ်ရှားနိုင်မှာလဲ?

ဒါက လူတိုင်း မျှော်လင့်ထားတာထက်သာလွန်နေခဲ့သည်လေ။
အစောပိုင်းက ဇွန်ယွမ်ဘိုင်ပြသခဲ့တဲ့စွမ်းအားတွေက သာမန်အဓိကတပည့်တွေ ခံနိုင်ရည်ရှိသည့်အရာမဟုတ်ပေ။

သူသုံးအထိရေပြီးလို့မှ သူ့ကိုစိန်ခေါ်လာသူမရှိရင် သူက ကျိန်းသေပေါက်ချူးယွန်ကို စိန်ခေါ်လိမ့်မည်။

"ဒီတော့ မင်းက ချူးယွန်ပေါ့"
ဇွန်ယွမ်ဘိုင်ရဲ့မျက်လုံးတွေက အံ့အားသင့်မှုကြောင့် တလက်လက်တောက်ပလာခဲ့ပြီလေ။သူချူးယွန်ရဲ့ကျင့်ကြံမှုအဆင့်က တော်တော်လေးကိုနိမ့်တယ်ဆိုတာ အရမ်းကိုသိသာနေလို့ပါ။

ဒီချူးယွန်က ဘယ်လောက်ပဲအားနည်းနေပါစေ အနည်းဆုံး ကီပြောင်းလဲခြင်းနယ်ပယ်တော့ ရှိသင့်တယ်‌‌လေ။ဒီနည်းနဲ့ ချူးယွန်ကို သူ ဂုဏ်သိက္ခာရှိရှိ စိန်ခေါ်နိုင်မှာပါ။

ဇွန်ယွမ်ဘိုင်ရဲ့ နှုတ်ခမ်းထောင့်တွေက တွန့်‌ကွေးသွားခဲ့ပြီ‌လေ။ချူးယွန်က အခုမှမော်တယ်နယ်ပယ်အဆင့်ရှစ်ပဲရှိသေးတယ်မလား? ဒါကို သူက ငါ့ကိုနာမည်တပ်ပြီး စိန်ခေါ်ရဲတယ်ပေါ့။

'ကိုယ့်အတိုင်းအဆကိုယ်မသိတဲ့ကောင်ပဲ။ဒီနည်းနဲ့ဆိုရင်လဲ မဆ်ိုးပါဘူးလေ၊ ငါကလဲသူနဲ့တိုက်ခိုက်ချင်နေတာ၊ သူက စလာမှတော့ ငါ့အတွက်လွယ်ကူသွားတာပေါ့'

"ကောင်းပြီလေ၊ မင်းထင်သလိုပဲ၊ အစောကြီးကထဲက မင်းကိုစိန်ခေါ်ဖို့ငါ့မှာအစီအစဉ်ရှိပြီးသားပါ။မင်းက ကိုယ့်သဘောနဲ့ကိုတက်လာခဲ့တော့ ငါခေါ်ထုတ်စရာမလိုတော့ဘူးပေါ့"

ဇွန်ယွမ်ဘိုင်က ‌တဟားဟားရီမောလိုက်ပြီး သူ့လက်နှစ်ဖက်ကိုနောက်ပစ်ကာ ချူးယွန်ကို စိတ်ဝင်တစားကြီးပြီး ပြောလိုက်ပြီလေ။

"ဒါက မင်းရဲ့ရွေးချယ်မှုပဲ၊ ဒီတော့ ငါ့ရဲ့စွမ်းအားကိုသုံးပြီး အခြားသူတွေကိုအနိုင်ကျင့်တယ်လို့တော့မပြောနဲ့။ငါမင်းကိုသတ်မယ်ဆိုတာတော့ မင်းကြိုသိထားပါ။မင်းနဲ့ကစားပေးရမှာက ပျင်းဖို့တော့ကောင်းတယ်၊ ဒါပေမယ့် မင်းက ကိုယ့်ရဲ့သေခြင်းကိုရှာနေမှတော့ ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now