အပိုင်း 147 ဓါးကွက်ကျွမ်းကျင်မှုအပြောင်းအလဲများ ထုတ်ဖော်ပြသခြင်း

523 57 0
                                    

အပိုင်း 147 ဓါးကွက်ကျွမ်းကျင်မှုအပြောင်းအလဲများ ထုတ်ဖော်ပြသခြင်း

"မင်းတို့က တကယ်သေချင်နေတာပဲ"
ချူးယွန် မျက်လုံးတွေက အေးစက်လာကာ သူဒေါသအလွန်ထွက်လာတော့တယ်။ သူ့ဒေါသကို လာဆွရဲတဲ့ထိုငနဲတွေကို လက်သီးနဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။

"ဖြောင်း"
ဘာတွေဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ ရှင်းရှင်းမမြင်လိုက်ရခင်မှာပဲ ချူးယွန်ရဲ့လက်သီးက အရှေ့ဆုံးမှာရှိနေတဲ့တပည့်ကို ထိမှန်သွားပြီး ချက်ချင်းမြေပေါ်လဲသွားကာ နာကျင်စွာနဲ့ အော်ဟစ်လိုက်သံပါ တစ်ဆက်ထဲ ထွက်ပေါ်လာတော့တယ်။

"မြန်လှချေလား! သူဘယ်လိုတိုက်ခိုက်လိုက်တာလဲဟ! ငါသေချာတောင်မမြင်လိုက်ရဘူး‌!"

ဒါကိုမြင်လိုက်ရတဲ့ ချန်းယောက်ရဲ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှု အရိပ်ယောင်တွေ ပေါ်လာခဲ့တယ်။

ချူးယွန်က တစ်ချက်ထဲလှုပ်ရှားခဲ့ပြီး သူကိုင်တွယ်နိုင်တဲ့သူမဟုတ်ကြောင်း ပြသခဲ့ပါတယ်။

"မင်းက ပြန်ချရဲတယ်လား? မင်း ဆန့်ကျင်ချင်နေတာလား!"
နေမင်းရောင်ခြည်ဂိုဏ်းက လူငယ်လေးတွေက ချန်းယောက်အရှေ့မှာ လူစွမ်းကောင်းလုပ်ပြချင်ကြတယ် ထင်ပါရဲ့... လူငယ်လေးသုံးယောက်ဆို သူတို့ရဲ့သိုင်းဝိညာဉ်တွေကို ဆင့်ခေါ်ရင်း ချက်ချင်းရှေ့တက်လာကြတော့တယ်။

လူငယ်သုံးယောက်ရဲ့ အမျိုးမျိုးသောသိုင်းဝိညာဉ်တွေက စူးရှထက်မြိတဲ့ကီတွေကို ထုတ်ဖော်နေကြတယ်။

ချူးယွန် နှာခေါင်းရှုံ့ရင်း ကန်ထုတ်လိုက်ကာ ထိုလူငယ်သုံးယောက်မှာ ခုခံနိုင်ခြင်းမရှိကြပဲ လွင့်စင်သွားကြတော့တယ်။

"ဖူး"
သွေးတစ်လုပ်စီ အံထုတ်လိုက်ရသလို သူတို့ရဲ့မျက်နှာတွေကလဲ စက္ကူတစ်ရွက်အလား ဖြူဖွေးသွားပါတယ်။

ချူးယွန် ဘယ်လိုလှုပ်ရှားလိုက်တယ်ဆိုတာ ဘယ်သူမှ မမြင်လိုက်ကြရပါဘူး။ရိုးရှင်းတဲ့တိုက်ကွက်လေးနှစ်ခုနဲ့ လူလေးယောက်ကို မြေပေါ်လဲကျသွားစေကာ သူတို့မှာ ပြန်တောင် မထနိုင်ကြတော့ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now