အပိုင်း_193_လူတစ်ယောက်ရဲ့ဩ‌ဇာကြီးမာစေဖို့သတ်ဖြတ်ခြင်း

487 47 0
                                    

အပိုင်း_193_လူတစ်ယောက်ရဲ့ဩ‌ဇာကြီးမာစေဖို့သတ်ဖြတ်ခြင်း

"မောက်မာလွန်းတဲ့ကြွက်စုတ်၊ မင်းရဲ့ယုံကြည်မှုတွေဘယ်ကရလာတာလဲ? ကျုပ်ကိုသတ်နိုင်မယ်ထင်နေတယ်ပေါ့၊ အလင်းမှောင်ဂိုဏ်းက အမှိုက်တွေပဲ ရှိမယ်ထင်တယ်၊ တစ်ခါမှတောင် မကြားဖူးဘူး"
ချူးယွန်စကားကိုကြားတော့ လီပင်းဟူမျက်လုံးတွေ ကျဉ်းမြောင်းသွားကာ သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒတွေလဲ ထွက်ပေါ်လာခဲ့ပါပြီ။

ချူးယွန်က ရိုးရှင်းတဲ့စကားလုံးလေးတွေနဲ့ တစ်ဖက်လူကို ဒေါသထွက်သွားစေခဲ့တယ်။
မင်းက ငါ့ကိုသတ်မယ်လို့တောင်ပြောရဲတယ်ပေါ့၊ ဟမ့်... ဟာသပဲ!

"စိတ်လှုပ်ရှားစရာပဲ၊ နှစ်ယောက်လုံးထိပ်တိုက်ရင်ဆိုင်တော့မယ်"

"ဒီပြိုင်ပွဲက စိတ်ဝင်စားဖို့ကောင်းမှာအမှန်ပဲ!"

"ဟားဟား၊ မြန်မြန်ချကြစမ်းပါ!"
လူအူပ်ကြီးက အော်ဟစ်နေခဲ့ကြတယ်။ဒါက ပထမဆုံးပြိုင်ပွဲမို့ သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိူင်ခဲ့ကြဘူး။

"ဒါဆိုလဲ မင်းငါ့ကိုပိုမှတ်သွားတာပါ့၊ မင်းကိုသတ်မယ့်လူက ငါပဲ! တီအန်တာအိုဂိုဏ်းက ချူးယွန်!"
ချူးယွန် အေးစက်စက်နဲ့ ရယ်မောလိုက်တယ်။

"ပြိုင်ပွဲစည်းမျဉ်းတွေကတော့ တစ်ဖက်က အရှုံးပေးပြီလို့မပြောမချင်း ဒါမှမဟုတ် တိုက်ခိုက်နိုင်စွမ်းရှိနေသေးသ၍ တိုက်ပွဲက ဆက်ဖြစ်နေလိမ့်မယ်"
ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားတဲ့ အဖိုးအိုက ပြောလိုက်တယ်။

"ဟားဟားဟား... ဒီစည်းမျဉ်းကို ငါသဘောကြတယ်!  မင်းကို အရှုံးပေးခွင့်မပေးပဲ ငါသတ်မယ်"
လီပင်းဟူပြုံးလိုက်တယ်။

"မင်းလဲ အရှုံးပေးဖို့အခွင့်ရေးရမယ်ထင်လား"
ချူးယွန် ထီမထင်ဟန်နဲ့ ပြောလိုက်ပါတယ်။

"ပြိုင်ပွဲ စတင်မယ်!"
အဖိုးအို‌ရဲ့စကားသံနဲ့အတူ ပထမဆုံးတိုက်ပွဲ စတင်ခဲ့ပါပြီ။

လီပင်းဟူဟိန်းဟောက်ကာ သူ့ရဲ့ခေါင်းပေါ်မှာ အဖြူရောင်မြွေတစ်ကောင်ပေါ်လာခဲ့ပြီလေ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now