အပိုင်း_189_နိမ့်ကျတဲ့ပုံရိပ်

468 46 0
                                    

အပိုင်း_189_နိမ့်ကျတဲ့ပုံရိပ်

ချူးယွန်ကတော့ ရဲရွှမ်ရဲ့ ရှုပ်ထွေးနေတဲ့မျက်နှာအမူရာကို ဂရုမစိုက်ပါ။မြို့တော်ကြီးကိုကြည့်ပြီးသာ အံ့ဩနေခဲ့ပါတယ်။ချူးယွန်ကိုပိုပြီးတုန်လှုပ်စေတာက မြို့နံရံကို ဖျက်ဆီးရခက်ခဲတဲ့ အတားအဆီးတံဆိပ်တော်တွေပါ။မရေတွက်နိုင်တဲ့နတ်ဆိုးသားရဲတွေ လာတိုက်ခိုက်ခဲ့ရင်တောင် ဘာမှဖြစ်မှာမဟုပ်ဘူး။

ငွေတောင်ပံကောင်းကင်လင်းယုန်ဟာ ကောင်းကင်ထက်ကတဖြည်းဖြည်းဆင်းသက်လာခဲ့ပါပြီ။

"မိုးသောက်ဖြူမြို့တော်က အခြားနေရာတွေနဲ့ခြားနားတယ်၊ဒီမှာ နှိမ့်ချတတ်ကြပါ"
ရဲရွှမ် သတိပေးလိုက်တယ်။

ရဲရွှမ်ရဲ့ဦးဆောင်မှုအောက်မှာပဲ သူတို့ငါးယောက်ဟာ မြို့တော်ထဲ ဝင်ရောက်လာခဲ့ကြပါပြီ။

မြို့အတွင်း အနေအထားက သာမန်မြို့တွေထက်အများကြီးပိုကောင်းပါတယ်။လမ်းများက ကျယ်ပြန့်ပြီး ဘေးတစ်ဖက်စီမှာတော့ စားသောက်ဆိုင်များရှိနေကြကာ သွားလာလှုပ်ရှားနေကြသူတွေနဲ့ စည်ကား‌ေနလို့ပါ။အစွမ်းထက်စစ်သည်တော်တွေကလည်း မြို့ထဲမှာသွားလာနေခဲ့ကြတယ်လေ။

သူတို့ခြောက်ယောက် ဘာစကားမှမပြောကြပဲ တည်ငြိမ်စွာ ‌လျှောက်လှမ်းနေခဲ့ကြပါတယ်။လမ်းမထက်မှာတော့ သူတို့ရဲ့ပုံရိပ်က ထူးခြားနေခြင်းမရှိခဲ့ပါဘူး။

ဇိမ်ခံရထားလုံးတွေ ၊ အစေခံတွေနဲ့ သွားလာနေကြတဲ့ ဂိုဏ်းတွေ၊ လူစုတွေကမှ ထူးခြားမှုရှိတာပါ။သူတို့အဖွဲ့ကတော့ အတော်ကိုသာမန်ဖြစ်လွန်းပါတယ်။

"ရဲရွှမ်၊ နင်တို့တီအန်တာအိုဂိုဏ်းကို သားရဲလှိုင်းက အပျက်ဆီးပုံကြီးဖြစ်အောင်လုပ်မသွားဘူးလား?"
ချူးယွန် အသံလာရာကိုကြည့်လိုက်တော့ အေးစက်စက်မျက်နှာနဲ့ရပ်နေတဲ့ ဒေါင်ရှင်း...

ဒေါင်ရှင်းက အရှေ့အလင်းရောင်ခြည်ဂိုဏ်းချုပ်ဖြစ်ပြီး ကျောက်စိမ်းအင်ပါယာကျွန်းထဲမှာ ချူးယွန်က သူတို့ရဲ့အဓိကတပည့်အတော်များမျယးကို သတ်ဖြတ်ခဲ့တယ်လေ။သူတို့ရဲ့မဟာမိတ် အိုးယွမ်ဂိုဏ်းပျက်ဆီးသွားတော့ သူတို့မမောက်မာနိုင်တော့ပဲ ငြိမ်သွားကြပါတယ်။အခုမိုးသောက်ဖြူမြို့တော်မှာ ပြန်တွေ့ချိန် ဒေါင်ရှင်းက သူတို့ကို ‌ဒေါသထွက်အောင်လုပ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ?

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now