အပိုင်း 72

614 66 1
                                    

အပိုင်း 72

"ဘန်း"
ချူးခိုင်ယာ မီတာတစ်ရာခန့် လွင့်ထွက်သွားပြီး မပ်တပ်တောင်‌မှကောင်းကောင်းမရပ်နိုင်တော့။

ချူးခိုင်ယာရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးက အခုချိန်မှာတော့ ပုံပန်းပျက်အညိုမဲတွေစွဲနေခဲ့ပါတယ်။
"ချူးယွန် နင်င့ါကိုသတ်ရဲလား"

ချူးယွန်ရဲ့မျက်လုံးတွေက အေးစက်နေပြီး သူ့နှုတ်ခမ်းတွေက တွန့်ကွေးသွားခဲ့တယ်။
"သေချာတာပေါ့၊ ငါနင့်ကိုသတ်မယ်"

"ချူးခိုင်ယာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုအသည်းနှလုံးနဲ့မိန်းမ၊ နင်က ငါ့ကိုသတ်ချင်တာနဲ့ပဲ ရင်ယန်ကိုအသုံးချတယ်။မင်းလိုချင်တာရဖို့ဆိုရင် ဘာမဆိုအကုန်လုပ်မယ့်လူစားမျိုး... ဒီနေ့ နင့်ကိုသတ်ပြီး ကလန်ကိုသန့်ရှင်းရေးလုပ်ရမယ်"
ချူးယွန်က အေးစက်စက်နဲ့ရယ်မောလိုက်ရင်း ချူးခိုင်ယာဆီလျှောက်သွားခဲ့တယ်။

"ခွေးမသားလေး၊ မင်းဘယ်လိုတောင်လုပ်ရဲတာလား"
ချူး‌ဇောင်ဟန်ဒေါသတကြီးဟိန်းဟောက်ကာ သူ့ဆံပင်တွေက ရှုပ်ပွနေပြီး အရူးတစ်လောက်လို ချူးယွန်ဆီ ပြေးချသွားလိုက်တယ်။

"ချူးဇောင်ဟန် မင်းဘာလုပ်တာလဲ? မင်းလိုကောင်က ချူးမိသားစုမဖြစ်သင့်ဘူး၊ အခု ကလန်ကိုယ်စား ငါကပဲမင်းကိုအပြစ်ပေးပြီး ကလန်ကနေထုတ်ပယ်မယ်"
ချူးဇောင်ဟန်ရဲ့မျက်လုံးတွေက တည်ကြည်လေးနက်နေခဲ့ပါတယ်။

"ချူးတိုင်ကွန်၊ မင်းက တောင်ပိုပြီးဖြစ်ထိုက်တယ်လို့လူတိုင်းကပြောကြတယ်။လူတိုင်းက မင်းကငါ့ထက်ပိုသာတယ်လို့ပြောကြတယ်။ငါငယ်ငယ်လေးထဲက မင်းရဲ့အရိပ်အောက်မှာပဲနေခဲ့ရတယ်။ဒီနေ့မှာတော့မရတော့ဘူး။မင်းကိုယ်မင်းသန်မာတယ်လို့ထင်နေတာလား?
လာခဲ့... မင်းနဲ့ငါတိုက်ခိုက်မယ်"

ချူးဇောင်ဟန်အရူးတစ်ယောက်လိုပြောဆိုလိုက်ပြီး သူ့ရဲ့သိုင်းဝိညာဉ်ကိုထုတ်ဖော်လိုက်တယ်။
အဝါရောင်အဆင့်ရှစ်၊ ကွိုင်မြွေလှံတံ....

ချူးဇောင်ဟန် ကွိုင်မြွေလှံတံကိုကိုင်ပြီး ချူးတိုင်ကွန်ကို စစ်သည်တစ်သောင်းကိုဖယ်ရှားနိုင်တဲ့စွမ်းအားနဲ့ လှမ်းထိုးလိုက်တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now