အပိုင်း 10 အစွမ်းထက်ချန်းရှန်

998 115 0
                                    

အပိုင်း 10 အစွမ်းထက်ချန်းရှန်

"မင်း..."
ချန်းရှန်ရဲ့မျက်နှာအမူအရာဟာ ရုတ်တရက်ပြောင်းလဲသွားပြီး သူ့နှလုံးသားထဲမှာ ဒေါသတွေနဲ့ပြည့်နှက်လာကာ ချူးယွန်ကိုစေ့စေ့ကြည့်လိုက်လေတယ်။

"အမှိုက်ကောင် မင်းက အသက်ရှင်သန်ရတာပင်ပန်းနေပြီလားကွ ဟေ "

ဒီလောက်လူတွေအများကြီးကြည့်နေကြတဲ့စင်ပေါ်မှာ အမှိုက်ကောင်ချူးယွန်က မာနထောင်လွှားပြီးသူ့ကိုစော်ကားရဲတယ်။ အဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်လေးနဲ့ သူက ဘယ်လိုတောင်မာနလာထောင်လွှားနေရတာလဲ?

"တိတ်စမ်း"
တီအန်တာအိုဂိုဏ်းက လူတစ်ယောက်က မျက်မှောင်ကြီးကြုတ်လို့ထအော်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ ချူးယွန်ကိုလှောင်ပြောင်သရော်လိုဟန်တွေ ထွက်ပေါ်နေတယ်။

"ချူးတိုင်ကွန်က သူ့အသက်နဲ့ထပ်ယုံကြည်ပြီး ငါတို့ကိုကတိပေးထားခဲ့တဲ့ လူငယ်လေးလား"
"ကြည့်ရတာ ငါကြားခဲ့တာထက်ပိုကောင်းတဲ့ပုံပဲကွ"
အခြားလူကြီးတစ်ယောက်ကလဲရယ်မောလိုက်တယ်။

"တော်လောက်ပြီ စကြရအောင်"
ဂျင်ရန်က အေးစက်စက်မျက်နှာပေးနဲ့ သူမလက်တွေကိုဝှေ့ယမ်းလိုက်ရင်း ချူးယွန်ကို အဆိုပါ လူသားနှစ်ယောက်လှောင်ပြောင်နေရာကနေ ရန့်တန့်ပေးလိုက်သည်။

"မင်းတို့အားလုံးရဲ့သိုင်းဝိညာဉ်တွေကို ထုတ်လွှတ်လိုက်ကြချေ"

ချန်းလုံရဲ့အော်သံအဆုံးမှာတော့ တပည့်တွေအားလုံးက သူတို့ရဲ့သိုင်းဝိညာဉ်တွေကို အသီးသီး ထုတ်ဖော်လိုက်ကြလေသည်။

"ဘန်း...ဘန်း...ဘန်း..."
လေထုထဲမှာအမျိုးမျိုးသော အရောင်အဝါတွေထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ရာစွမ်းအားတွေကို ထုတ်လွှတ်နေကြပါတယ်။

"အဝါရောင်အဆင့်ငါးသိုင်းဝိညာဉ်၊အနက်ရောင်အမြီးမြွေ" ဒါကတော့ ချူးဟွမ်ရဲ့သိုင်းဝိညာဉ်ပါ။

"အဝါရောင်အဆင့်ငါးသိုင်းဝိညာဉ်၊အပြာရောင်နှင်းဖျံ " ဒါကချူးယုရဲ့သိုင်းဝိညာဉ်ပါ။

အခြားတပည့်တွေရဲ့သိုင်းဝိညာဉ်တွေကလဲ အဝါရောင်အဆင့်ငါးတွေချည်းဖြစ်ကြသည်။အဝါရောင်အဆင့်ငါးဆိုတာက အနိမ့်ဆုံးသတ်မှတ်ချက်ပါ။အဝါရောင်အဆင့်ငါးမှမရှိရင် သူ့ဘဝမှာ အောင်မြင်မှုတွေများစွာရယူနိုင်မှာမဟုပ်ဘူး။တစ်ဆက်ထဲမှာပင် အဝါရောင်အဆင့်ငါးထက်သာလွန်ပါက သူ့ကိုထူးချွန်တဲ့ကျောင်းသားလို့ သတ်မှတ်နိုင်တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now