အပိုင်း_175_ရှောင်ထျန်းချန်ရဲ့သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒ

530 47 0
                                    

အပိုင်း_175_ရှောင်ထျန်းချန်ရဲ့သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒ

ချူးယွန်ရဲ့မျက်နှာက အေးစက်နေလို့... ရှောင်ထျန်းချန်ရဲ့ ဂရုစိုက်နေတဲ့အပြုမူအရ ဒီမီးနဂါးနှစ်ကောင်က ကိုင်တွယ်ရမလွယ်ကူမှန်း သူသိတယ်။ဒီလိုမှမဟုတ်ရင် သူက ဘယ်လိုလုပ် နောက်ပြန်ဆုတ်သွားပါ့မလဲ။

"မင်းတို့အားလုံးငရဲကိုပြန်ပို့ပေးမယ်! ဖျက်ဆီးခြင်းတံဆိပ်တော်!"
ချူးယွန် ဒေါသတကြီးအော်ဟစ်ပြီး တံဆိပ်တော်တစ်ခုကိုပြုလုပ်လိုက်ပါပြီ။ဖျက်ဆီးခြင်းစွမ်းအင်တွေနဲ့အလုံးကြီးတစ်လုံးက အသွင်ဖြစ်ပေါ်လာခဲ့တာပါ။

ထိုစွမ်းအားတွေက အရင်ကထက်ပိုသန်မာနေပြီး တားဆီးလို့မရနိုင်တဲ့ ဖျက်ဆီးခြင်းအော်ရာတွေကို သယ်ဆောင်လာခဲ့ပြီလေ။

ဒါက ‌သေခြင်း၊အေးစက်မှုနဲ့ လျို့ဝှတ်ဆန်းကြယ်နေကာ သေမိန့်ချလိုက်သလို...

ဘယ်လိုအရာပဲဖြစ်ဖြစ် ‌ဖျက်ဆီးခြင်းတံဆိပ်တော်နဲ့ရင်ဆိုင်ရတဲ့အခါ ချက်ချင်း ဘာမှမရှ်ိဗလာနတ္ထိအဖြစ် ပြောင်းလဲသွားရလိမ့်မယ်!

လျို့ဝှတ်လက်ဝါးတံဆိပ်တော်သုံးခုမှာ ဖျက်ဆီးခြင်းတံဆိပ်တော်ဟာ အသုံးပြုရအခက်ခဲဆုံးနဲ့ အစွမ်းထက်ဆုံးပါပဲ။

ဖျက်ဆီးခြင်းတံဆိပ်တော်က ရုပ်ပိုင်းဆိုင်ရာစွမ်းအင်နဲ့ စိတ်စွမ်းအားများစွာအသုံးပြုရပြီး အရေးပေါ်အခြေနေမျိုးမှမဟုတ်ရင် အသုံးလုံးဝမပြုသင့်တာမျိုးပါ။

ဖျက်ဆီးခြင်းတံဆိပ်တော်ထွက်ပေါ်လာတာနဲ့ ကမ္ဘာမြေကြီးနဲ့ သူ့လမ်းတစ်လျှောက်ရှိ အရာအားလုံးကိုဝါးမျိုဖျက်ဆီးသွားပြီး လေဟာနယ်ပါ ဖျက်ဆီးခံရလိမ့်မယ်။

ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းက မလုံလောက်သေးဘူးဆိုရင် ဒီတံဆိပ်တော်ကိုလုံးဝသွားမထိတာ အကောင်းဆုံးပါပဲ။

ချူးယွန်အနေနဲ့ သူလိုချင်တဲ့လမ်းကြောင်းအတိုင်း တိတိကျကျထိန်းချုပ်နိုင်တဲ့အဆင့်မှာမဟုတ်ပေမယ့် လက်ရှိအခြေနေရ သူ့မှာရွေးချယ်စရာမရှိခဲ့ဘူးလေ။

အလွန်မြန်ဆန်တဲ့မီးနဂါးနှစ်ကောင်နဲ့ ရှောင်ထျန်းချန်ရဲ့အမူရာတွေအရ ချူးယွန်အလောင်းစားမလုပ်ဝံ့ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now