အပိုင်း 135 မဟာပညာရှိ လှုပ်ရှားခြင်း

532 56 0
                                    

အပိုင်း 135 မဟာပညာရှိ လှုပ်ရှားခြင်း

"ဘာ"
မျက်နှာဖုံးစွပ်နဲ့လူ ထိတ်လန့်တုန်လှုပ်သွားပြီး သူမြင်လိုက်ရတာကို မယုံကြည်နိုင်ဘူးဖြစ်သွားခဲ့တယ်။

အစောပိုင်းသေမလိုဖြစ်သွားတဲ့ကောင်က ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုများ ပြန်ကောင်းမွန်လာနိုင်တာလဲ?

နောက် ကျောက်ရုပ်တုနှစ်ရုပ်ရဲ့ခြေထောက်တွေကိုလဲ ဘယ်လိုများ ဖျက်ဆီးပစ်နိုင်ရတာလဲ?

အခွင့်ရေးရတာနဲ့ ချူးယွန်ခုန်လွှားလိုက်ပြီး သူ့လက်ထဲရှိ‌ရွှေရောင်အရိုးနဲ့ မီတာသုံးရာအမြင့်ရှိကျောက်ရုပ်တုတွေကို အားကုန်ရိုက်ချလိုက်တော့တယ်။

ဒါဇင်နဲ့ချီတဲ့ ရိုက်ချက်တွေအပြီးမှာတော့ ကျောက်ရုပ်တုနှစ်ခုလုံး အမှု့န်အဖြစ်ကို ပြောင်းလဲကုန်ကြကာ ဒူးဆစ်နစ်မြုပ်သွားပါတယ်။

ဒါကို အတော်တန်ဝေးတဲ့နေရာကို ရောက်နေပြီဖြစ်တဲ့ တောက်ဟူရန်နဲ့ ရှုချီဟန်တို့မြင်လိုက်ရတော့ သူတို့နှလုံးသားတွေက အရှိန်ပြင်းစွာ ခုန်ပေါက်သွားခဲ့ကြရတယ်။

ချူးယွန်မှာ ဝှတ်ဖဲတွေ ဘယ်လောက်များများ ရှိနေသေးတာလဲ?

ချူးယွန် သူ့လက်ထဲက ရွှေရောင်အရိုးနဲ့ မျက်နှာဖုံးစွပ်လူကိုချိန်ရင်း ပြောလိုက်တယ်။
"အခု ငါမင်းခေါင်းကို အစိတ်စိတ်ကွဲအောင် ရိုက်ပြမယ်"

မျက်နှာဖုံးစွပ်လူက အရီရဆုံးပျက်လုံးတစ်ခုကို ကြားလိုက်ရသလို တဟားဟား ရယ်မောလိုက်ပြီး
"ငါ့ခေါင်းကို ရိုက်ခွဲချင်တာလား? ဟားဟားဟား.... မင်းက ကိုယ့်ကိုယ်ကိုယ် အတော် အထင်ကြီးနေတာပဲ.... ကီပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူက ငါ့ကိုသတ်ဖို့ ပြောရဲတယ်.....
မင်းအခုဖျက်ဆီးပစ်လိုက်တဲ့ အရုပ်နှစ်ရုပ်က ငါ့ရဲ့ပါမွှားကျောက်ရုပ်လေးတွေပဲ ရှိသေးတယ်၊ သူ့ထက်ပိုသန်မာတဲ့အရုပ်တွေရှိနေသေးပြီး မင်းလိုကောင်ကို အချိန်မရွေး သတ်ပစ်လို့ရတယ်"

ပြောပြီးတာနဲ့ မျက်နှာဖုံးစွပ်လူက ထူးဆန်းစွာရယ်မောလိုက်တယ်။ပြီးနောက် လက်ဟန်တစ်ခုပြုလုပ်လိုက်ပြီး မြင်တွေ့ရခြင်းမရှိသေးတဲ့ ထူးခြားတဲ့စွမ်းအားကြီးတွေက မြေကြီးထဲက ထွက်ပေါ်လာပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now