အပိုင်း 155 ခေါင်းဖြတ်သတ်ခြင်း

514 53 0
                                    

အပိုင်း 155 ခေါင်းဖြတ်သတ်ခြင်း

ချူးယွန်နှလုံးသားထဲမှာ သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒတွေနဲ့ ပြည့်နှက်နေပေမယ့်လည့် အကျိုးအကြောင်းကိုတော့ စဉ်းစားနိုင်ဆဲပါ။

သူ့ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ စစ်မှန်သောစွမ်းအားနယ်ပယ်အဆင့်လေးကိုတိုက်ခိုက်ရမယ်ဆိုရင် အလွန်ကိုခက်ခဲမှာပါ။ဒီတိုက်ပွဲက အလွန်ခက်ခဲမှာသူသိပေမယ့် အနိုင်မရဘူးလို့တော့ ပြောလို့မရနိုင်ဘူး။

မဟာပညာရှိဆိုရင် စီနီယာအကိုချီဆိုသူကြီးကို အလွယ်ရိုက်သတ်လိုက်နိုင်တယ်လေ။ဒါပေမယ့်လဲ သူ့အနေနဲ့ မဟာပညာရှိကိုပဲ အားကိုးမနေချင်ပါဘူး။

လူတိုင်းရဲ့ရှေ့မှာ စီနီယာချီကိုသတ်ဖို့ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲ အသုံးပြုချင်တာပါ!
တီအန်တာအိုဂိုဏ်းကိုအရှက်ခွဲဖို့ ဘယ်သူ့မှာမှခွန်အားမရှိဘူးဆိုတာကို လူတိုင်းကိုပြချင်တာ!

နတ်ဆိုးညမျက်မှောင်ကြုတ်သွားတယ်။အေးစိမ့်ရေခဲဂိုဏ်းသားတွေက ဒီလောက်ထိလေးစားနေပုံထောက်ရင် ဒီစီနီယာအကိုချီဆိုသူက သာမန်တော့မဟုတ်နိုင်ဘူး။သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကလည်း အဆင့်တစ်ခုထိရောက်နေမှာ အသေချာပဲ။

"ချူးယွန်၊ မင်းသေချာဂရုစိုက်ရမယ်"
နတ်ဆိုးညလက်သီးဆုပ်လိုက်သလို သူ့မျက်လုံးတွေထဲမှာတော့ စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေလို့ပါ။

ချူးယွန်က စည်းကမ်းဖောက်ဖျက်ပြီး ကျို့ရန်ကိုသတ်ပစ်လိုက်တယ်လေ။ဒါကြောင့်မို့ အခု အကိုချီက ချူးယွန်ကိုပြန်သတ်ပစ်လိုက်မယ်ဆိုရင်တောင် ဂိုဏ်းက ဘာမှတတ်နိုင်မှာမဟုတ်ဘူး။

ချူးယွန် မင်းရှုံးလို့မရဘူးနော်..

"ငါတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်စရာဘာမှမလိုဘူးဆိုတာပြဖို့ ငါမင်းကိုသတ်ဖို့ သုံးကွက်ပဲ"
‌စီနီယာအကိုချီ မောက်မာမှုအပြည့်နဲ့ပြောလိုက်တယ်။

ချူးယွန် မင်းကျို့ရန်ကိုသတ်နိုင်တိုင်း မင်းမှာအစွမ်းရှိတယ်လို့ဆိုလိုတာမှမဟုတ်တာ။ငါကမင်းကိုတိုက်ခိုက်ဖို့ ဘာအခွင့်အရေးမှ‌ပေးမှာမဟုတ်ဘူး။ ဒါဆိုရင်မင်းဘာများတတ်နိုင်မှာလဲ?

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Wo Geschichten leben. Entdecke jetzt